DVB Logo
Home
မြန်မာသတင်း
‘၀’တပ်ဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့များ တရုတ်ပြည်ကို ပြန်လည်ထွက်ခွာ
DVB
·
May 28, 2017
‘၀’တပ်ဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့များ တရုတ်ပြည်ကို ပြန်လည်ထွက်ခွာ
1 / 3
Donate to DVB

 

၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့လာတဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် အပါအ၀င် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က ကိုယ်စားလှယ်တွေဟာ မနေ့က  တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပြန်လည်ထွက်ခွာသွားပါတယ်။

နေပြည်တော်ကနေ လေကြောင်းနဲ့ထွက်ခွာတာဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းကနေတဆင့် သက်ဆိုင်ရာ အဖွဲ့အသီးသီးရဲ့ အခြေစိုက်နေရာဒေသတွေကိုပြည်သွားကြမှာဖြစ်တယ်လို့  ''ဝ'' တပ်ဖွဲ့  ပြင်ပဆက်ဆံရေးမှူး   ကျောက်ကော်အန်းရဲ့ပြောဆိုချက်ကို ကိုးကားပြီး အစိုးရပြန်ကြား ရေးကထုတ်ပြန်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဒုဥက္ကဋ္ဌ ဦးအင်ဘန်လကတော့ အောင်မြင်မှုနဲ့ အတူပြန်ပြီဖြစ်တဲ့အကြောင်း အစိုးရနဲ့ မကြာခင်မှာ ဆက်လက်ဆွေးနွေးဖို့ရှိတယ်လို့  ပြန်လည် မထွက်ခွာခင် မီဒီယာတွေကို ပြောကြားသွားတယ်လို့လည်းဆိုပါတယ်။

မြောက်ပိုင်း ၇ဖွဲ့ဖြစ်တဲ့ ''ဝ'' ပြည်သွေးစည်း ညီညွတ်ရေးပါတီ/ ''ဝ''ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)၊ ရှမ်းပြည်တိုး တက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA)တို့ဟာ တရုတ်နိုင်ငံရဲ့  ကြားဝင်ညှိနှိုင်းပေးနဲ့ ညီလာခံ တက်ရောက်လာ ခဲ့ကြတာပါ။

ညီလာခံရက်အတွင်း ဖွင့်ပွဲအခမ်းအနားနဲ့ ညစာစားပွဲတွေကိုတက်ရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း  သီးခြားစီတွေ့ဆုံခဲ့သလို ငြိမ်းချမ်းရေး ကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့ပေမယ့်၊ တပ်မတော်အကြီးအကဲနဲ့တော့ တွေ့ဆုံနိုင်ခဲ့ခြင်းမရှိပါဘူး။

ဓာတ်ပုံ-MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013