DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့် ရောက်ရှိ
DVB
·
May 28, 2017
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့် ရောက်ရှိ
Donate to DVB

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။

ပုသိမ်မြို့ရဲ့ အနောက်အနောက်တောင်ဘက်မိုင် ၃၀၀ လောက်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၃၅၀ လောက်မှာ ရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဦးချစ်ကျော်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ရှိအနေအထားပေါ် ခန့်မှန်းချက်အရ ဘင်္ဂလားဒေရှ်-မြန်မာနယ်စပ်ကို ဖြတ်ဖို့ များတယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် ထိခိုက်ခံစားရနိုင်တဲ့ နေရာတွေကတော့ မောင်တာခရိုင်နဲ့ ချင်းပြည်နယ်တို့ဖြစ်ပြီး မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ အဓိက ချင်းနဲ့ရခိုင်တို့မှာ မိုးသည်းထန်မှာဖြစ်ပါတယ်။ မုန်တိုင်းငယ်ကြောင့် လေတိုက်နှုန်း ၅၅-၆၀ လောက် တိုက်ခတ်နိုင်ပါတယ်။

မောင်တောခရိုင် ပင်လယ်ပြင်က  စက်လှေတွေ ကမ်းကို ၀င်လာကြဖို့၊ နေအိမ်ငယ်တွေ ခိုင်ခန့်အောင်နဲ့ အမိုးမလန်အောင် ကြိုတင်လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013