DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံကို ၁ ရက်ထပ်တိုး ကျင်းပ
DVB
·
May 28, 2017
၂၁ ရာစုပင်လုံညီလာခံကို ၁ ရက်ထပ်တိုး ကျင်းပ
1 / 3
Donate to DVB

နေပြည်တော်မှာကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို မူလက မေလ ၂၈ရက်ထိကျင်းပဖို့ စီစဉ်ထားရာကနေ မေ၂၉ ရက်ထိ နောက်ထပ် ၁ရက်ထပ်တိုးကျင်းပနေပါတယ်။

ဒီကနေ့ ၂၁ ရာစုပင်​လုံညီလာခံ ပဉ္စမ​နေ့ မနက် မှာတော့ ​ UPDJC အစည်းအ​ဝေးကျင်းပ ခဲ့ပြီး ပြီခဲ့တဲ့ ​၄ ရက်​တာအတွင်း ကဏ္ဍအလိုက် အစုအဖွဲ့တွေရဲ့ ​ဆွေး​နွေးအတည်​ပြုချက်​​တွေကို ​ဆွေး​နွေးညှိနှိုင်းကြမှာဖြစ်​ပါတယ်​။

ဆွေး​နွေးအတည်​ပြုနိုင်​တဲ့ အချက်​​တွေကို​တော့ မနက်ဖန် ၆ ရက်​​မြောက်​​နေ့ ၂၁ ရာစုပင်​လုံ ​နောက်​ဆုံး​နေ့မှာ ပြည်​​ထောင်​စုသ​ဘောတူစာချုပ်​အစိတ်​အပိုင်းအဖြစ်​ လက်​မှတ်​​ရေးထိုး အတည်​ပြုသွားမှာဖြစ်​ပါတယ်​။

ဒုတိယအကြိမ်​ ၂၁ ရာစုပင်​လုံမှာ နိုင်​ငံ​ရေးကဏ္ဍ၊ စီးပွား​ရေးကဏ္ဍ၊ လူမှု​ရေးကဏ္ဍ၊ လုံခြုံ​ရေးကဏ္ဍ၊ ​မြေယာနဲ့ သဘာဝပတ်​ဝန်းကျင်​ကဏ္ဍ​​ ၅ခုအတွက်​ အချက်​​ပေါင်း ၄၁ ချက်​ကို​ ဆွေး​နွေးခဲ့တာဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013