DVB Logo
Home
Lead Story
အသက်အန္တရာယ်နှင့်ရင်းပြီး ရေခဲတောင်တွေဆီ လိုက်ပို့ဝန်ဆောင်မှုပေးနေသူ (ရုပ်သံ)
DVB
·
May 28, 2017
အသက်အန္တရာယ်နှင့်ရင်းပြီး ရေခဲတောင်တွေဆီ လိုက်ပို့ဝန်ဆောင်မှုပေးနေသူ (ရုပ်သံ)
Donate to DVB

ငယ်စဉ်ကတည်းက ရေခဲတောင်တွေကို အထမ်းသမားဘဝနဲ့တက်ရင်း တောင်တက်ဝါသနာပါလာခဲ့ပြီး ရေခဲတောင်တွေ လိုက်တက်နေသူ။ နိုင်ငံတကာက လာတဲ့သူတွေကို ရေခဲတောင်တွေဆီ လိုက်ပို့တဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်နေသူ ပူတာအိုသားတယောက်။

မြန်မာပြည်မြောက်ပိုင်းက ရေခဲတောင်တွေပေါ်တက်ပြီး သဘာဝရဲ့အလှကို ထိတွေ့ခံစားနိုင်ဖို့က လွယ်ကူတာတော့ မဟုတ်ပါဘူး။ ခက်ခဲစွာနဲ့ သွားလာရတဲ့ ရေခဲပြင်တွေထဲမှာ အသက်အန္တရာယ်နဲ့ရင်းပြီး တောင်တက်နေရသူတယောက်။

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုမြို့ ရဝမ်၊ လီဆူး၊ ကချင်တိုင်းရင်းသားတွေ အများဆုံးနေထိုင်ရာဒေသ။

မနက်ခင်း ဆောင်းနှင်းတွေနဲ့အတူ ပူတာအိုမြို့ ဈေးလေးကတော့ အသက်ဝင် လှုပ်ရှားနေပါတယ်။

ဆယ်ရက်ကျော်ကြာမယ့် တောင်တက်ခရီးစဉ်မှာ သယ်သွားရမယ့် ရိက္ခာတွေအတွက် သူ ပြင်ဆင်နေရပြီ။

မြောက်ဖျားပိုင်းက ရေခဲတောင်များစွာကို တက်ရောက်ခဲ့ဖူးပြီး မြန်မာပြည်မှာ ရေခဲတောင်ရှိတယ်ဆိုတာ လူတွေကို သိစေချင်တဲ့သူကတော့ ကိုမိုးမင်းသိန်း။

“ဖိုဝင်တောင်မှ ကြိုဆိုပါတယ်”

ပူတာအိုမြို့မှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့ ကိုမိုးမင်းသိန်းက အစ်ကိုဖြစ်သူ ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေတာကြောင့် သူလည်း ၁၅ နှစ်သားအရွယ် ၉ တန်း ကျောင်းသားဘဝမှာ စတင်အထမ်းလိုက်ခဲ့တာပါ။

“ကိုအောင်တို့က အဲဒီအချိန်မှာ ၁၉၉၈ နောက်ပိုင်း ၁၉၉၉ ကနေစတာပေါ့။ သူတို့လည်း အထမ်းလိုက်ရင်းနဲ့ သွားနေပြီ။ သွားနေတော့ ကျနော်လည်း နွေရာသီဆိုတော့၊ ကိုအောင်ကလည်း ခေါ်တော့ ကျနော် စပြီးအထမ်းလိုက်တာ။ အိမ်မှာလည်း ကျနော် စက်ပြင်တယ်။ ကက်ဆက်တွေ ပြင်လို့ တရက်ကို ၁၅၀၀၊ ၂၀၀၀ ပေါ့။ အဲဒီလိုမျိုး ရတယ်။ ကျနော်တို့ အထမ်းစလိုက်တဲ့အချိန်မှာက တရက်ကို ၈၀၀ အဲဒီကနေ စတယ်။ အထမ်းထမ်းရတာက တော်တော်လေးလည်း ပင်ပန်းတယ်။ လမ်းမှာ ငိုခဲ့ဖူးတာတို့။ ဘာနဲ့။ တော်တော်ငိုခဲ့ဖူးတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013