DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင် ပျက်စီးသည့် ငါးဖမ်းနည်းများကြောင့် ဒေသခံရေလုပ်ငန်းရှင်များ အခက်တွေ့
DVB
·
May 28, 2017
သဘာဝပတ်ဝန်းကျင် ပျက်စီးသည့် ငါးဖမ်းနည်းများကြောင့် ဒေသခံရေလုပ်ငန်းရှင်များ အခက်တွေ့
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ် ကမ်းခြေဒေသများတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့ ငါးဖမ်းနည်းတွေဖြစ်တဲ့ မီးထွန်းဝိုင်း၊ ဂျမ်း၊ ငုပ်စက်လှေတွေနဲ့ ငါးတွေဖမ်းနေတာကြောင့် ဒေသခံ ရေလုပ်ငန်း လုပ်ကိုင်သူတွေ အခက်တွေ့နေရပါတယ်။

နှစ်စဉ် မေလပိုင်း ငါးသလောက်ပေါချိန်မှာ အရင်နှစ်တွေနဲ့မတူဘဲ ငါးရရှိမှု အားနည်းနေကြောင်း၊ ကမ်းဆွဲပိုက်လုပ်ငန်းမှာလည်း သိသိသာသာ ကျဆင်းသွားကြောင်း လူအင်အား ၃၀ လောက်သုံးရတဲ့ မီးထွန်းဝိုင်းတွေနဲ့ ကမ်းခြေမှ ၉ မိုင်အကွာလောက်ထိ ဖမ်းဆီးနေတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

“လူဦးရေနဲ့ ငါး မမျှ ဖြစ်လာတယ်၊ အရင်ကလို ကွန်ချက်ကို မှန်းမရတော့ဘူး၊ ပုစွန်လုပ်ငန်းနဲ့ ငါးသလောက်လုပ်ငန်းတွေ အဆင်မပြေတော့ဘူး၊ လှေတွေ ဒီအတိုင်း ထိုးတင်ထားရတယ်။ ငါးလုပ်ငန်းကိုလည်း တနှစ်စာ လိုင်စင်ဖိုးငွေ ၁၂၀၀၀ ကတော့ ဆောင်ထားရတယ်” လို့ အုန်းတပင်ကျေးရွာနေ ရေလုပ်သားကိုခင်စိုက ပြောပါတယ်။

ငါးဝယ်ဒိုင်တွေမှာလည်း ရေလုပ်သားတွေကို ပိုက်ဖိုး ရင်းပေးပြီးမှ ငါးပြန်ဝယ်ယူရကြောင်း၊ လမ်းမကောင်းတဲ့အတွက် ရန်ကုန်ကို ငါးတင်ပို့ရာမှာ အခက်အခဲရှိကြောင်း၊ ယခင်နှစ်များထက် ငါးလာရောင်းမှု အားနည်းနေကြောင်း ဒေသခံငါးဒိုင်ဖြစ်သူ ဦးတိုးလွင်ထံမှ သိရပါတယ်။

တရားမဝင်ငါးဖမ်းနည်းတွေနဲ့ ဖမ်းတာကို သက်ဆိုင်ရာဌာနတွေကို ဓာတ်ပုံနဲ့ တိုင်စာတွေ တိုင်ကြားပေမယ့် အရေးယူဆောင်ရွက်ခြင်း မရှိဘူးလို့ အုန်းတပင်ရွာ ရာအိမ်မှူး ဦးမြင့်လွင်က ပြောပါတယ်။

မီးထွန်းဝိုင်းတွေနဲ့ ငါးအားညှိဖမ်းခြင်း၊ ဂျမ်းပိုက်ကြီးများဖြင့် GPS ကို သုံးကာ ရေအောက်မျက်နှာပြင်ထိ တိုက်ဆွဲပြီး ငါးဖမ်းတာတွေဟာ ဒေသခံတွေ တပိုင်တနိုင်လုပ်ငန်း ထိခိုက်နစ်နာမှုတွေ ဖြစ်စေသလို ပင်လယ် သဘာဝသယံဇာတနဲ့ ငါးမျိုးစိပ်တွေပါ ပျက်စီးသွားနိုင်တယ်လို့ ငွေဆောင် ဒေသခံတွေက ပြောပါတယ်။

သတင်း - ရန်နိုင်(ဟင်္သာတ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013