
ကချင်ပြည်နယ် မိုးညှင်းမြို့ ဧရာဝတီဘဏ်ရှေ့မှာ မေ ၂၅ ရက်ညနေက ဖြစ်ပွားတဲ့ မော်တော်ယာဉ်မတော်တဆမှုကြောင့် အမျိုးသမီးတဦးသေဆုံးခဲ့ပါတယ်။
ဘီလူးကျေးရွာဖက်ကနေ မိုးညှင်းမြို့ဖက်ကို လာတဲ့ ဟိုင်းလတ် Vigo ကားဟာ ဘဏ်ရှေ့မှာ ၀ဲဘက်ရှေ့ဘီးပြုတ်ထွက်ရာက အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နှစ်စီးကို ၀င်ရောက်တိုက်မိခဲ့တာပါ။
ဆိုင်ကယ်ပေါ်ပါ ဦးအောင်ကျော်စိုးကတော့ ဒဏ်ရာရ (မစိုးရိမ်ရ) ပေမယ့် ဒေါ်မဲမဲကတော့ အခင်းဖြစ်တဲ့နေရာတင် သေဆုံးပါတယ်။
မိုးညှင်းမြို့မရဲစခန်းက ယာဉ်မောင်းကိုထွန်းရွှေကို ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈ မဆင်မခြင်မောင်းနှင်ပြီး လူသေစေမှုနဲ့ အရေးယူဆောင်ရွက်နေပါတယ်။
သတင်း - မုန်းမုန်းမင်း











