DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံတွင်​ သံဃာတော်တပါးအား ​ဆေး​ကြောင်​​နေသူက တူမီးသေနတ်ဖြင့်​ ပစ်​ခတ်
DVB
·
May 27, 2017
ကျိုင်းတုံတွင်​ သံဃာတော်တပါးအား ​ဆေး​ကြောင်​​နေသူက တူမီးသေနတ်ဖြင့်​ ပစ်​ခတ်
Donate to DVB

ကျိုင်းတုံမြို့နယ်၊ နမ့်အင်းကျေးရွာအုပ်စု၊ အာမောဒေကျေးရွာရှိ တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းမှာ သံဃာတော်တပါးကို တူမီးသေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကျိုင်းတုံမြို့မရဲစခန်းက ပြောပါတယ်။

သက်တော် ၄၁ နှစ် ရှိပြီဖြစ်တဲ့ ဦးဇင်း ပညာဝရဟာ မီးဖိုဆောင်ထဲ ရေနွေးအိုးတည်နေချိန် ကျလောဆိုသူ ရောက်လာပြီး တူမီးနဲ့ ပစ်ခတ်သွားတာလို့ ကျိုင်းတုံမြို့မရဲစခန်း တာဝန်ရှိသူတဦး ပြောပါတယ်။

ဘုန်းကြီးကျောင်းကနေ တူးမီးသေနတ်သံကြားရလို့ သွားကြည့်တော့ ကျလောက တူမီးသေနတ်ကို ကိုင်ပြီးထွက်ပြေးသွားတာကို တွေ့ရတယ် ။မီးဖိုဆောင်ထဲကို ၀င်ကြည့်တော့ ဒဏ်ရာနဲ့ လဲနေတဲ့ ဦးပညာဝရကို တွေ့ရတယ်" လို့ တရွာတည်းနေ ဦးဘေယောမ က ပြောပါတယ်။

ဆရာတော်ကို ထူပေးနေတုန်းမှာပဲ ကျလောက တူးမီးသေနတ်နဲ့ ပြန်ရောက်လာလို့ ရောက်ရှိနေတဲ့ ရွာသားတချို့က ဖမ်းဆီးပေးခဲ့တယ်လို့ သိရပါတယ်။

"ရွာသားတစ်ချို့ကတော့ ကျလောကို ဆေးကြောင်နေတယ်လို့ ပြောတာပဲ။ ဆရာတော် ဒဏ်ရာက စိုးရိမ်ရပြီး ကျိုင်းတုံဆေးရုံကြီးမှာ ကုသပေးနေတယ်" လို့ ကျိုင်းတုံမြို့မ ရဲစခန်းမှ အမှုစစ်အရာရှိက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ကျလောကို (ပ) ၈၈/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ-၃၀၇ အရ အမှုဖွင့် အရေးယူ ထားတယ်လို့ ဆိုပါတယ်။

သားသား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013