DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံနောက်ဆုံးနေ့ ကျင်းပမည့် အချိန်ရွှေ့ဆိုင်း
DVB
·
May 27, 2017
၂၁ ရာစုပင်လုံညီလာခံနောက်ဆုံးနေ့ ကျင်းပမည့် အချိန်ရွှေ့ဆိုင်း
Donate to DVB

နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မနက်ဖြန်မနက် ကျင်းပမယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်တယ်လို့  နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီမှာ UPDJC အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ထားပေမယ့် မပြုလုပ်ဖြစ်တော့တဲ့အကြောင်း ဦးဇော်ဌေးက အခုလို ပြောတာပါ။

“အဓိက တစ်ချက်ကို PPST ခေါင်းဆောင်တွေ ညနေပြန်ထိုင်မယ်။ အဲဒါပြီးမှာပဲ UPDJC လုပ်လို့ရမှာ။ ဆိုတော့ UPDJC ကို မနက်ဖြန်မနက် ၉ နာရီ ရွှေ့လိုက်မယ်။ ညီလာခံကို နေ့လယ်ပိုင်းရွှေ့လိုက်မယ်။ PPST ခေါင်းေ်ဆာင်တွေက ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့က အခုပြန်သွားပြီ။ ဒီည သူတို့ ပြန်ထိုင်ဦးမယ်။”

၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို မေလ ၂၄ ရက်ကနေ ၂၈ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013