DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန်အစီအစဉ်မရှိသေးဘဲ ဆုကြေးချီးမြှင့်စနစ်ကျင့်သုံးမည်
DVB
·
May 27, 2017
နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန်အစီအစဉ်မရှိသေးဘဲ ဆုကြေးချီးမြှင့်စနစ်ကျင့်သုံးမည်
Donate to DVB

အစိုးရ၀န်ထမ်းတွေကို လုပ်ခလစာတိုးပေးဖို့ အစီအစဉ်မရှိသေးပေမယ့် ဆုကြေးချီးမြှင့်တဲ့ စနစ်ကျင့်သုံးမယ်လို့   စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန  ပြည်ထောင်စု  ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းကပြောပါတယ်။

မေ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ  မင်းကင်း မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးမောင်မြင့် က အစိုးရဝန်ထမ်းတွေ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေးကြပ်တည်းမှုကို စာနာထောက်ထားသောအားဖြင့် လစာတိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာပါ။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းက အခွန်အကောက်ရငွေတွေ အပါအဝင် နိုင်ငံတော်ရဲ့ ရငွေရှိငွေတွေ တိုးတက်လာတာနဲ့ အမျှ နိုင်ငံ့ဝန်ထမ်းတွေကို လစာနှုန်းထားတွေ တိုးမြှင့်ပေးနိုင်မှာဖြစ်တယ်၊ ဒါပေမယ့် အခုအချိန်မှာ လစာတိုးပေးခြင်းထက် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိစေဖို့ အဖက်ဖက်က ကြိုးပမ်းဆောင်ရွက်ပြီးမှသာ လစာစရိတ်တွေ တိုးပေးဖို့  စဉ်းစားသင့်တဲ့အတွက်  လျင်လျင်မြန်မြန် စီးပွားရေးဖွံ့ဖြိုးတိုး တက်လာစေဖို့ ဦးစွာဆောင်ရွက်ကြရမယ်လို့ ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအတွက် ခေတ်ကာလအခြေအနေနဲ့ မကိုက်ညီတဲ့ စရိတ်တွေကို သုံးသပ်တိုးမြှင့်ပေးတာ၊ အချိန်ပိုလုပ်ခစနစ်၊ ဆုကြေးချီးမြှင့်တဲ့ စနစ်တွေ ပြန်လည်ကျင့်သုံးနိုင်ဖို့ သုံးသပ်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်လို့လည်း စီမံဘဏ္ဍာ ဒုဝန်ကြီးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013