DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို အလုပ်နှင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်
DVB
·
May 27, 2017
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို အလုပ်နှင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်
Donate to DVB

မကွေးတိုင်းဒေသကြီး စလင်းမြို့မှာ သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသားတဦးကို မင်းဘူးခရိုင်တရားရုံးက ပြစ်မှုထင်ရှားတဲ့အတွက် အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက် တယ်လို့ ဒီကနေ့ ထုတ်နိုင်ငံပိုင် သတင်းစာမှာဖော်ပြပါတယ်။

စလင်းမြို့နယ် ပရဟိတကျောင်းက အသက် ၁၅ နှစ်အရွယ် ကျောင်းသူတဦးကို အသက် ၄၆ နှစ်အရွယ် ကျော်နိုင်ဦးဆိုသူက ဖြားယောင်းသွေးဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ရာမှာ ပြုကျင့်ခံရသူရဲ့ မိခင်က တိုင်ကြားခဲ့လို့  စလင်းရဲစခန်းက ဖမ်းဆီးတရားစွဲဆိုခဲ့တဲ့ အမှုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ သြဂုတ်လ ၁၂ ရက်က ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး  စက်တင်ဘာလမှာ တရားစွဲတင်နိုင်ခဲ့ကာ အခုနှစ် မေလ ၂၃၇က်နေ့မှာ ပြစ်မှုထင်ရှားတဲ့အတွက် ကျော်နိုင်ဦးကို အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့  သက်ငယ်မုဒိမ်းမှုတွေကို စုံစမ်းပြီး တရားရုံးတွေကို တရားစွဲတင်ပို့ခဲ့ရာမှာ ၂၀၁၆ နိုဝင်ဘာအထိ အမှုပေါင်း ၅၁၇ မှုကို တရားစွဲ တင်ပို့နိုင်ခဲ့ပြီး ၂၀၆ ဦးကို တရားရုံးမှ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တယ်လို့ ပြည်ထဲရေးဒုဝန်ကြီးက လွှတ်တော်မှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013