DVB Logo
Home
မြန်မာသတင်း
တူရကီမိသားစုကို ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းပြန်ပို့ (ရုပ်သံ)
DVB
·
May 27, 2017
တူရကီမိသားစုကို ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းပြန်ပို့ (ရုပ်သံ)
Donate to DVB

ရန်ကုန်မြို့ရှိ Horizon ပုဂ္ဂလိကကျောင်းမှာ တာဝန်ထမ်းဆောင်တဲ့ တူရကီနိုင်ငံသား M. Furkan Sokmen အပါအဝင် မိသားစုဝင် ၃ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  မြန်မာအာဏာပိုင်တွေက ထိန်းသိမ်းပြီး တူရကီအစိုးရထံ မေ ၂၄ ရက်က လွှဲပြောင်းပေး လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုသွားရောက်မယ့် Air Asia လေယာဉ်ပေါ်တက်ဖို့ စောင့်ဆိုင်းနေစဉ်မှာ လေကြောင်းလုံခြုံရေးရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ မြန်မာပြည် ဆိုင်ရာ တူရကီသံရုံး တာဝန်ရှိသူတွေက လာရောက်ခေါ်ဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “နံပါတ် ၁ အချက်က အဲဒီ တူရကီနိုင်ငံသား ပတ်စ်ပို့က expire ဖြစ်သွားပြီ၊ expire  ဆိုတာ သူ့ရဲ့ အစိုးရက ဒီပတ်စ်ပို့ကို ပယ်ဖျက်ထားတယ်။ ပယ်ဖျက်ထားတော့ လေဆိပ်ရောက်တဲ့အချိန်မှာ immigration မှာ သွားပေါ်တယ်။ သူက အားလုံး အွန်လိုင်းနဲ့သွားတဲ့ လ၀က စနစ်ဖြစ်တော့၊  ဒါက တူရကီအစိုးရက ပယ်ဖျက်ထားတဲ့ ပတ်စ်ပို့ဖြစ်နေတယ်၊ အဲဒါနဲ့ ကျနော်တို့က လေဆိပ်တာဝန်ရှိတဲ့လူတွေ လ၀ကပေါ့  ကျေန်ာတို့ အစိုးရကနေပြီးတော့ တူရကီ သံရုံးကို အကြောင်းကြားတယ်။ အကြောင်းကြားတော့ သူတို့ အစိုးရကနေ ပိတ်ထားတဲ့ ပတ်စ်ပို့ဖြစ်တဲ့အတွက် ပတ်စ်ပို့ ပြန်သိမ်းသွားတယ်၊ အဲတော့သူက Public Area မှာ လေဆိပ်ထဲမှာပဲနေရတယ်။ အဲဒီအဖွဲ့ပေါ့  သူ့မိသားစုပါတယ်၊ လေဆိပ်ထဲမှာနေတယ်၊ ဒါပေမယ့် တူရကီသံရုံးက ဘာလုပ်ပေးလဲဆိုတော့ ပတ်စ်ပို့ သိမ်းတဲ့အခါမှာ သူဘယ်မှသွားလို့မရတော့ သူနိုင်ငံကို ပြန်သွားလို့ရအောင် travel document ပေါ့ စီအိုင်ထုတ်ပေးတယ်၊ ဒီစီအိုင်က ဒီတကြိမ် သတ်မှတ်ချက်နဲ့ ပေးတာပေါ့နော်၊ ဆိုတော့ ဒီစာရွက်စာတမ်း ကိုင်ပြီး သူက လေယာဉ် စီးလို့ရတယ် immigration ဖြတ်လို့ရတယ်၊ နို့မဟုတ်ရင် ဘာအထောက်အထားမှ မရှိရင် ဖြတ်လို့ မရဘူး၊ အဲလိုဖြစ်တဲ့အတွက် တူရကီအစိုးရရဲ့ သဘောထားနဲ့သူ့ဘာသူပိတ်တယ်၊ သူ့ဘာသူ စီအိုင်ပေးပြီးတော့ ပြန်သွားတယ် ဒါပဲ” လို့ပြောပါတယ်။

ဖမ်းဆီးခံရသူကတော့ သူ့အနေနဲ့ ဘယ်လိုရာဇဝတ်မျိုးမှ ကျူးလွန်ခဲ့တာ မရှိသလို တူရကီပြန်ရောက်ရင် ညှဉ်းပန်းနှိပ်စက်ခံရ၊ ထောင်ဒဏ်ကျခံရနိုင်တဲ့အတွက် မပြန်ချင်တဲ့ အကြောင်းနဲ့ အကူအညီပေးကြဖို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဗွီဒီယိုဖိုင်တစ်ခု တင်ထားခဲ့ပါတယ်။

အဆိုပါ တူရကီကျောင်းဆရာနဲ့အတူ  သူ့ရဲ့ ဇနီးဖြစ်သူနဲ့ ၂ နှစ်အရွယ်သမီးဖြစ်သူတို့ လည်း အတူလိုက်ပါလာဖြစ်ပါတယ်။

ဒီမိသားစုဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ တဆင့် တူရကီနိုင်ငံ အစ္စတန်ဘူမြို့ကို လေကြောင်းနဲ့ အတင်းအကျပ်ပို့ဆောင်ခံလိုက်ရဖွယ်ရှိပြီး လက်ရှိအချိန်မှာ ဘယ်ရောက်နေလဲ ဆိုတာမသိသလို တူရကီနိုင်ငံကို ပြန်ရောက်ရင် ညှဉ်းပန်းနှိပ်စက်ခံရနိုင်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်)က အရေးပေါ်ထုတ်ပြန်ထားပါတယ်။

တူရကီကျောင်းဆရာဟာ  မနှစ်က တူရကီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သမ္မတ အာဒိုဂန်ကို ရာထူးက ဖြုတ်ချအာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ရာမှာ ပါဝင်တယ်လို့ စွပ်စွဲခံရတဲ့ ဘာသာရေး တရားဟောဆရာတဦးနဲ့ ဆက်နွှယ်နေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013