DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် အပူဒဏ်ကြောင့် ရာသီပေါ်သီးနှံအထွက်ကျဆင်း
DVB
·
May 27, 2017
ရေးမြို့နယ်တွင် အပူဒဏ်ကြောင့် ရာသီပေါ်သီးနှံအထွက်ကျဆင်း
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရာသီဥတုအပူချိန်မြင့်တက်လာမှုကြောင့် ဒေသထွက်ကုန်ရာသီ သီးနှံတွေဖြစ်ကြတဲ့ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်သီးတွေ အထွက်နောက်ကျတဲ့အပြင် ပြီးခဲ့တဲ့နှစ်ထက် ထွက်နှုန်းကျဆင်းလာတယ်လို့ စိုက်ပျိုးတောင်သူ တွေက ပြောပါတယ်။

“အပူချိန်မြင့်တက်လာနေသလို ရာသီပေါ် ဒူးရင်း၊ မင်းဂွတ်၊  ကြက်မောက် ကွမ်းသီး စတဲ့ အသီးနှံတွေကပါ အရင်လိုပုံမှန်ထွက်ချိန်ထက် နောက်ကျလာနေတဲ့အပြင် ထွက်ရှိမှုလည်းကျ ဆင်းလာတယ်။ ထိခိုက်ပျက်စီးမှုတချို့က သီဥတုဒဏ်တွေခံရတာလည်း ရှိနေပါတယ်” လို့ စိုက်ပျိုးတောင်သူတဦးက ပြောပါတယ်။

ရေးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးဆန်းငွေကလည်း  အဓိက အပူချိန်မြင့်လာခြင်းမှာ ဒေသတွင်း နိုင်ငံတွေရဲ့သစ်တောဖြုန်းတီးမှု၊ စက်ရုံအလုပ်ရုံနဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ပျက်သုန်းခြင်းအပြင် လေထုအ တွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ပျံ့နှံ့ ခြင်းကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ရေးမြို့နယ်မှာ ၂၀၁၆ ခုနှစ်အတွင်းက ပျမ်းမျှ အမြင့်ဆုံးအပူချိန်မှာ ၃၇.၅ ဒီဂရီစင်တီဂ ရိတ်ရှိပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်း ပျမ်းမျှ အမြင့်ဆုံးအပူချိန်မှာ ၃၅.၈ ဒီဂရီစင် တီဂရိတ်ဖြစ်တာကြောင့် ၁.၈ ဒီဂရီစင်တီဂရိတ် မြင့်တက်သွားကြောင်း မြို့နယ်မိုးလေဝသ နှင့်ဇလဗေဒညွှန်ကားမှု ဦးစီးဌာနမှတ်တမ်းတွေအရ သိရပါတယ်။

အပူချိန်မြင့်တက်လာတာနဲ့အမျှ ဒေသအတွင်း ရေရှားပါးပြတ်လပ်မှုဖြစ်ပေါ်တာ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေပါ ထိခိုက်ကျဆင်းလာနေခဲ့သလို တောမီးလောင် ကျွမ်းမှုတွေလည်း ဖြစ်ပေါ်စေနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013