DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကဏ္ဍစုံဆက်စပ်လုပ်ငန်းနှင့် စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်း ဟောပြောပွဲ ကျင်းပ
DVB
·
May 27, 2017
မြန်မာ့ကဏ္ဍစုံဆက်စပ်လုပ်ငန်းနှင့် စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်း ဟောပြောပွဲ ကျင်းပ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကုန်စည်ဒိုင်ခန်းမမှာ စိုက်ပျိုးရေးထွက်ကုန်၊ စိုက်ပျိုးထုတ်လုပ်ရောင်းချဖြန့်ဖြူးမှု ကဏ္ဍစုံဆက်စပ်မှု လုပ်ငန်းဆိုင်ရာ ဟောပြောပွဲတရပ်ကို ကျင်းပခဲ့ပါတယ်။

မြန်မာ-ဂျပန်စင်တာနဲ့ ကျောင်းသားဟောင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့တာပါ။

ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လည်ဆည်ဝန်ကြီး ဦးကမ်ဇာမုန်နှင့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာ-ဂျပန်စင်တာမှ တာဝန်ရှိသူတွေ၊ ကျောင်းသားဟောင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တောင်သူများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲတွေကို ဂျပန်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ (JICA) ရဲ့အဓိကပံ့ပိုးမှုနဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ စိုက်ပျိုးရေးကိုအခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေကနေ စီးပွားရေးပိုမိုဖြစ်ထွန်းအောင်မြင်စေရေးနဲ့ ပတ်သက်တဲ့ ဟောပြောပွဲပြုလုပ်တာ၊ သင်တန်းပို့ချတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အခမ်းအနားမှာ ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးဘောဂဗေဒပညာရှင် မစ္စတာ ကဇူဟီဆာ ဂိုတို က စိုက်ပျိုးရေးထွက်ကုန်၊ စိုက်ပျိုးထုတ်လုပ်ရောင်းချဖြန့်ဖြူးခြင်း ကဏ္ဍစုံဆက်စပ်မှုလုပ်ငန်းဆိုင်ရာတို့ကို ဟောပြောဆွေးနွေးခဲ့ပါတယ်။

ဒီလိုဆွေးနွေးပွဲတွေကို မြန်မာ-ဂျပန်စင်တာနှင့် မုံရွာစီးပွားရေးလုပ်ငန်းရှင်တွေက ၂၀၁၄ ခုနှစ်ကတည်းက စတင်ကာ ပူးပေါင်းဆောင်ရွက်လာတာဖြစ်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ စီးပွားရေးလုက်ငန်းရှင်၊ တောင်သူတွေက သိလိုတာတွေ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013