
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဗုဒ္ဓဓမ္မပရဟိတအသင်း ဒါမှမဟုတ်"ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း" လို့ အမည်ပြောင်းလဲအသုံးပြုဖို့ ရှိနေပါတယ်။
အမည်ပြောင်းဖို့ ကိစ္စ ဆွေးနွေးနေပြီး မေလ ၂၈ ရက် မှာ ပြောင်းလဲမယ့်အမည်သစ်ကို တရားဝင်ထုတ်ပြန်ပေးမယ်လို့ မဘသဗဟို ဦးဆောင်ဆရာတော် ဒေါက်တာအရှင်သောပါက ကမိန့်ကြားပါတယ်။
မဘသအဖွဲ့ အသုံးပြုခဲ့တဲ့ လိုဂိုအမှတ်တံဆိပ် ပြောင်းမပြောင်းကိုလည်း ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မဘသအဖွဲ့ဟာ တရားမဝင်အဖွဲ့အစည်းဖြစ်လို့ မဘသအမည်ကို အသုံးမပြုဖို့နဲ့ မဘသ အဖွဲ့ ဆိုင်းဘုတ်တွေကို ဇူလိုင်လ နောက်ဆုံးထား ဖြုတ်သိမ်းဖို့ နိုင်ငံတော်သံဃမဟာနာ ယကကအဖွဲ့က မေလ ၂၃ ရက်က ဆုံးဖြတ်ကြေညာထားတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ မေလ ၂၇ ရက်က ရန်ကုန်မြို့ အောင်ဆန်းတပ်ဦး ကျောင်းတိုက်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) က မဘသအဖွဲ့ဝင်တွေကို အထူး အသိပေးရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။










