DVB Logo
Home
မြန်မာသတင်း
ပဲခူးရိုးမတောင်ပေါ်တွင် လူသတ်မှုဖြစ်ပွား၊ လူသတ်တရားခံ လွတ်မြောက်နေ
DVB
·
May 27, 2017
ပဲခူးရိုးမတောင်ပေါ်တွင် လူသတ်မှုဖြစ်ပွား၊ လူသတ်တရားခံ လွတ်မြောက်နေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးရိုးမတောင်ပေါ်မှာ မေလ ၂၆ ရက်နေ့က လူသတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ညောင်ပင်သာရဲတပ်ဖွဲစခန်းက ပြောပါတယ်။

“ဖြစ်တာကတော့ ညကပါ။ အလောင်းတွေ့တဲ့ နေရာကတော့ ကျောက်တံခါးမြို့နယ်ပေါ့။ သေတဲ့လူကတော့ ကျနော်တို့ စခန်းအပိုင်ကပါ။ စိမ့်ကြီးကပါ။ ဓားဒဏ်ရာနဲ့ သေနေတာပေါ့။ ညကတော့ အလောင်းကိုသယ်ပြီး ဆေးရုံကိုပို့ထားပါတယ်"လို့ ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

မေလ ၂၆ ရက် ည ၁၁ နာရီခွဲလောက်က ညောင်ပင်သာနယ်မြေရဲစခန်းရဲ့ အနောက်ဘက် ၇ မိုင်လောက်ဝေးတဲ့ ကွင်းချောင်းတောင်ဘက် အိုက်တုံကွင်းကြိုးဝိုင်း အကွက်အမှတ် ၁၃ နဲ့ ၁၄ အကြား ကျောက်တံခါးမြို့နယ်အပိုင် သစ်ထုတ်လုပ်ရေးကားလမ်းဟောင်းရဲ့အနောက်ဘက် မြောင်အတွင်း လူသေအလောင်းတွေ့ရှိခဲတာပါ။

သေဆုံးသူဟာ စိမ့်ကြီးကျေးရွာ ကျီးမနိုးအုပ်စုက ဦးစိုင်း ၅၁ နှစ် ဖြစ်ပြီး လည်ပင်းညာဘက်အနောက်မှ ရှေ့ယာဘက်ပါးအထိ ၂၀ စင်တီမီတာလောက် ပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့အဆိုပါစခန်းက ဆိုပါတယ်။

"ကောင်လေးက အမေတို့ရွာကပဲလေ။ တောင်ပေါ်ကိုသွားရင်းဖြစ်တာ။ ကောင်လေးကတော့ ကျပန်းအလုပ်လုပ်တာပါ။ ဘယ်သူသတ်တယ်ဆိုတာတော့ မသိသေးဘူးလေ၊ ရဲတွေတော့ လိုက်နေကြတာပဲ" လို့ စိမ့်ကြီးကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ညာင်ပင်သာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၃၀၂ အရ အမှုဖွင့်လှစ်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013