DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မနက်ဖြန် မုန်တိုင်းငယ်ဖြစ်နိုင်
DVB
·
May 27, 2017
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မနက်ဖြန် မုန်တိုင်းငယ်ဖြစ်နိုင်
Donate to DVB

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ  နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တခုအဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ မနက်  ခန့်မှန်းထုတ်ပြန်ပါတယ်။

မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ  ဖြစ်ထွန်းနေတယ်လို့လည်း  မိုးဇလ ဌာနက ထုတ်ပြန်ထားပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ကတော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်အားကောင်းလာနေပြီး မနက်ဖြန် မေ ၂၈ ရက် ညနေပိုင်းလောက်မှာ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်း ထုတ်ပြန်ထား ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013