DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းပေါင်း ၅၀၀၀ ကျော်ကို အဆင့်တိုးမြှင့် ဖွင့်လှစ်မည်
DVB
·
May 27, 2017
စာသင်ကျောင်းပေါင်း ၅၀၀၀ ကျော်ကို အဆင့်တိုးမြှင့် ဖွင့်လှစ်မည်
Donate to DVB

၂၀၁၇-၂၀၁၈ခုနှစ် ပညာနှစ်မှာ မနှစ်ကထက် ဘဏ္ဍာငွေ ပိုမိုရရှိခဲ့တာကြောင့် အခုနှစ်က စတင်ပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် အခြေခံပညာကျောင်းပေါင်း ၅၀၀၀ ကျော်ကို အဆင့်တိုးမြှင့်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

မေ ၂၅ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းရဲ့ ကျောင်းတွေ အဆင့်မြှင့်တင်ဖို့ အစီအစဉ်ရှိ မရှိမေးမြန်းချက်ကို ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားသွားတာပါ။

“ကျောင်းတွေ ဖွင့်နိုင်ရန်အတွက် ပြီးခဲ့တဲ့အင်္ဂါနေ့က ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ သဘောတူ ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။ ဒီအဆင့်တိုးမြှင့်ခွင့်ရရှိတဲ့ ကျောင်းများစာရင်းကို မနေ့ကစပြီး ကျနော်တို့ နိုင်ငံပိုင်သတင်းစာများမှ အဆင့်အလိုက် တင်ပြသွားမှာ ဖြစ်ပါတယ်”

ပြီးခဲ့တဲ့၂၀၁၆-၂၀၁၇ ခုနှစ်မှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းပေါင်း ၉၃၇ ကျောင်းနဲ့၊ မူအားဖြင့် ဖြေလျော့ပေးခဲ့တဲ့ ကျောင်းပေါင်း ၂၃၇၅ ကျောင်း စုစုပေါင်း  ၃၃၁၂ ကျောင်းကို အဆင့်တိုးမြှင့်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်တဲ့ ကျောင်းတွေထဲမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက အခြေခံပညာ  မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းပေါင်း ၄၉ ကျောင်းပါဝင်ပါတယ်။

အဆင့်မြှင့်တင်လုပ်ငန်းတွေအပြင် လိုအပ်တဲ့ ဆရာ/ဆရာမ၊ သင်ထောက်ကူ ပစ္စည်းတွေကို ဘဏ္ဍာငွေ ရရှိသုံးစွဲမှုပေါ်မူတည်ပြီး ဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။

အဲဒီ ကျောင်းတွေကို သိရှိစေဖို့ ခရိုင်ပညာရေးမှူးရုံး၊ တိုင်းပညာရေးမှူးရုံး၊ မြို့နယ် ပညာရေးမှူးရုံးတွေကနေ သက်ဆိုင်ရာ တိုင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေက ကိုယ်စားလှယ်တွေထံကို ထပ်မံတင်ပြသွားဖို့ စီစဉ်ထားတယ်လို့ ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013