DVB Logo
Home
မြန်မာသတင်း
တွေ့ဆုံနိုင်ဖို့ လမ်းကြောင်း စတင်ဖြစ်ပေါ်လာပြီ - တီအန်အလ်အေ ဗိုလ်မှူးတာပန်လ (ရုပ်သံ)
DVB
·
May 27, 2017
တွေ့ဆုံနိုင်ဖို့ လမ်းကြောင်း စတင်ဖြစ်ပေါ်လာပြီ - တီအန်အလ်အေ ဗိုလ်မှူးတာပန်လ (ရုပ်သံ)
Donate to DVB

နေပြည်တော်မှာ ညီလာခံတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေရုံမကဘဲ  မြေပြင်မှာလည်း လက်တွေ့ကျကျ ဖြေလျော့မှုတွေ လုပ်ပေးဖို့လိုတယ်လို့ တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) ကပြောကြားလိုက်ပါတယ်။

မနေ့ညနေပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ထဲက တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-ကိုးကန့်အဖွဲ့ (အမ်အန်ဒီအေအေ) နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့ ၃ ဖွဲ့တို့ နေပြည်တော်မှာ မိနစ် ၂၀ ကြာတွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲဟာ ရင်းနှီးမှုတည်ဆောက်တဲ့အနေနဲ့ တွေ့ဆုံတာဖြစ်ပြီး အကျိုးရှိတဲ့ တွေ့ဆုံပွဲဖြစ်တယ်လို့ တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်  တွဲဖက် အထွေထွေအတွင်းရေးမှူး  ၂ ဖြစ်တဲ့ ဗိုလ်မှူး တာပန်လက မီဒီယာတွေကိုပြောပါတယ်။

“အကျိုးရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အထူးသဖြင့်က ပီအက်စ်အယ်လ်အက်ဖ်/တီအန်အယ်လ်အေ နဲ့ ပဲဖြစ်ဖြစ်၊ မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲပဲဖြစ်ဖြစ် လအတန်ကြာ ပိတ်ဆို့နေတဲ့ တွေ့ဆုံနိုင်မှုပေါ့လေ၊ တာဝန်ရှိတဲ့သူအချင်းချင်း တွေ့ဆုံနိုင်ဖို့ အထူးသဖြင့် အစိုးရဘက်ကနဲ့ တွေ့ဆုံနိုင်ဖို့က လမ်းကြောင်း မဖြစ်ပေါ်ခဲ့ဘူး။ အခုဒါ လမ်းကြောင်း စတင်ဖြစ်ပေါ်လာပြီလို့ ပြောလို့ရပါတယ်။ ”

နေပြည်တော်မှာ အစည်းအဝေးကျင်းပနေရုံနဲ့ မကဘဲ လက်တွေ့ကျကျ မြေပြင်မှာလည်း ဖြေလျော့မှုတွေ လုပ်ပေးဖို့လိုအပ်တယ်လို့ ဗိုလ်မှူး တာပန်လကပြောကြားသွားပါတယ်။

“ကျနော်တို့ဘက်ကတော့ အခု ဒီကိုရောက်ရှိလာတာက တကယ်ဘဲ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုရပ်စဲ နိုင်ဖို့အတွက် ကျနော်တို့ဘက်က ယုံယုံကြည်ကြည်နဲ့ စတင်ပြီးတော့ ခြေလှမ်း လှမ်းတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ဒီမှာရောက်နေတာက ၂၁ရာစုပင်လုံ ကျင်းပချိန် နေပြည်တော်ကိုရောက်နေတယ်၊ ၂၁ရာစုပင်လုံကျင်းပနေတယ်ဆိုတော့၊ နိုင်ငံရေး ဆွေးနွေးပွဲလုပ်နေတဲ့ တချိန်ထဲမှာ တစ်ပြိုင်နက်တည်းမှာပဲ နေပြည်တော်မှာပဲ အခမ်းအနား ကြီးကြီးကျယ်ကျယ်ကြီးညီလာခံကြီး လုပ်ရုံမကပဲနဲ့ပေါ့လေ၊   တကယ့် မြေပြင်မှာလည်း လက်တွေ့ကျကျ အစိုးရဘက်က၊ တပ်မတော်ဘက်က ထိုးစစ်တွေရုပ်သိမ်းသွားဖို့ လိုတယ်။ ကျနော်တို့က သွားပြီးတော့ တိုက်ခိုက်နေတာမဟုတ်ဘူး၊ ပြည်မအထိဆင်းပြီး ကျနော်တို့ တိုက်ခိုက်နေတာမဟုတ်ဘူး။ ကျနော်တို့ ကိုယ့်ဟာကိုယ် ကာကွယ်ပြီးတော့ လုံခြုံထဲ သစ်ပင်တွေ တောထဲမှာပဲကျနော်တို့နေနေတာ၊ သူတို့ဘက်က ကျနော်တို့နေနေတဲ့ နေရာကို လာရောက်ပြီးတော့ တိုက်ခိုက်တာမဟုတ်ဘဲနဲ့ သူတို့မူလဌာန တပ်ရင်းကိုပြန်သွားမယ်ဆိုရင် ကျနော်တို့ ဒီတိုက်ပွဲတွေရပ်တန့်သွားမှာဖြစ်ပါတယ်၊ ကျနော်တို့ အဲလိုမျှော်မှန်းတယ်၊ညီလာခံတွေ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ လိုအပ်တယ်၊ ဒါပေမယ့် လက်တွေ့ကျကျ မြေပြင်မှာလည်း ဖြေလျော့မှုတွေ လုပ်ပေးဖို့လိုအပ်တယ်လို့မြင်ပါတယ် ”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး သို့ တက်ရောက်လာတဲ့  “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ/ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်ပီ/ယူဒဗလျူအက်စ်အေ)၊ အမျိုးသားဒီမိုက ရေစီမဟာမိတ်တပ်မတော် (အန်ဒီအေအေ)၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အို/ကေအိုင်အေ) ၊ ရှမ်းပြည်တိုး တက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ) အဖွဲ့တွေနဲ့လည်း မနေ့မွန်းလွဲပိုင်းက သီးခြားတွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013