DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ်က အမျိုးသမီးနှင့်အမျိုးသား လွန်ဆွဲပဲ ဘယ်သူနိုင်မလဲ (ရုပ်သံ)
DVB
·
May 27, 2017
ချောက်မြို့နယ်က အမျိုးသမီးနှင့်အမျိုးသား လွန်ဆွဲပဲ ဘယ်သူနိုင်မလဲ (ရုပ်သံ)
Donate to DVB


by dvburma
မြန်မာနိုင်ငံ အလယ်ပိုင်း အပူချိန် ၄၀°/၄၂° ရှိနေပြီး မိုးမရရှိတာကြောင့် အပူးဆုံးမြို့လို့ ခေါ်ဆိုရနိုင်တဲ့ မကွေးတိုင်း ချောက်မြို့နယ်မှာ အပူငြိမ်းကာ မိုးရွာစေဖို့ ရည်ရွယ်ပြီး လွန်ဆွဲပွဲကို မေ ၂၆ ရက်နေ့ညနေက ကျင်းပခဲ့ကြပါတယ်။

အမှတ် ၄ ရပ်ကွက်၊ အုံမြားစုထိပ် အမှတ် ၂ ရေနံချက်စက်ရုံရှေ့ကွင်းပြင်မှာ အမျိုးသမီးအုပ်စုနဲ့ အမျိုးသားအုပ်စုတို့ လွန်ဆွဲပြိုင်ပွဲ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

“မိုးမရွာတော့ အပူချိန်က တော်တော် ပူလာတယ်။ အရိပ်ထဲ ထိုင်နေလို့ မရတဲ့ အဆင့်ထိပဲ။ သက်ကြီးရွယ်အိုတွေလည်း အနေရခက်ကုန်ပြီ။ ဒါ့ကြောင့် ရှေးရိုးရာလေးအတိုင်း ပျော်ပျော်ပါးပါး စည်းစည်းလုံးလုံး ဖြစ်အောင် အခုလိုစီစဉ်တာပါ” လို့ လွန်ဆွဲပွဲ စီစဉ်သူ ကိုဖိုးလပြည့်က ပြောပါတယ်။

တချိန်တည်းမှာပဲ အမှတ် ၁၀ အေးစေတီရပ်မှာလည်း လွန်ဆွဲပွဲ ပြုလုပ်နေကြောင်း သိရပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013