DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဈေးအတွင်း ကေတီဗွီနှင့်နိုက်ကလပ်အချို့ ပြန်ဖွင့်
DVB
·
May 27, 2017
မင်္ဂလာဈေးအတွင်း ကေတီဗွီနှင့်နိုက်ကလပ်အချို့ ပြန်ဖွင့်
1 / 5
Donate to DVB

ရန်ကုန်မြို့ မင်္ဂလာဈေးအတွင်းထဲက ကေတီဗွီတွေနဲ့ နိုက်ကလပ်အချို့ဟာ မေ ၂၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်နေပါတယ်။

အခုပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ဆိုင်တွေဟာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၅ နှစ်ကနေ အနှစ်၂၀ ကြား ကျန်ရှိနေသေးတဲ့ ဆိုင်တွေဖြစ်တယ်လို့ Lucky Star KTV ရဲ့ မန်နေဂျာက ပြောပါတယ်။

သူတို့အနေနဲ့ ဆိုင်ခန်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ ဌာနဆိုင်ရာပေါင်း ၂၀ ကျော်ကို လျှောက်ထားခဲ့ပေမယ့် ဘယ်ဌာနဆိုင်ရာကမှ အကြောင်းပြန်မကြားခဲ့တာကြောင့် အခုလို ကိုယ့်သဘောနဲ့ကိုယ် ပြန်လည်ဖွင့်လှစ်ရတာလို့ ပြောပါတယ်။

ဆိုင်ခန်းတွေ ပြန်လည်ဖွင့်လှစ်နေတဲ့ တချိန်တည်းမှာပဲ မင်္ဂလာဈေး စည်ပင်သာယာရေးဝန်ထမ်းတွေက လှေကားအတက်အဆင်းတွေနဲ့ ဓာတ်လှေကား အပေါက်ဝတွေမှာ လုံခြုံရေးယူထားတာကိုလည်း တွေ့ရပါတယ်။

ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ဆိုင်ခန်းမန်နေဂျာတွေကတော့ သူတို့အနေနဲ့ ဥပဒေကြောင်းအရပဲ ပြန်လည်ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

Bussiness Center ဆောက်လုပ်မယ့် စီမံကိန်းကြောင့် မင်္ဂလာဈေးထဲက KTV တွေနဲ့ နိုက်ကလပ်တွေကို ဧပြီ ၁၂ ရက်နေ့ ည ၇နာရီခွဲမှာ မင်္ဂလာဈေးစည်ပင်ဝန်ထမ်းတွေက ဈေးဝင်းတံခါးတွေကို ပိတ်ထားတာတွေနဲ့ ဝင်ပေါက်တွေကို ပိတ်ထားခဲ့သလို ရန်ကုန်မြို့တော်သည်ပင်သာယာရေးကော်မတီကလည်း အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့တာပါ။

ဒီလို ဈေးဝင်းတံခါးတွေ ပိတ်ထားတာနဲ့  ဝင်ပေါက်တွေ ပိတ်ထားတဲ့ အတွက် ဆိုင်ဝန်ထမ်းတွေနဲ့ စည်ပင်ဝန်ထမ်းတွေအကြား အချင်းများတာတွေလည်း ရှိခဲ့သလို ဆိုင်ခန်းတွေ ပြန်ဖွင့်လှစ်ခွင့်ရရေး ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013