DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပြည်ပကြွေးမြီ ကန်ဒေါ်လာ ၉၅၃၀ သန်းကျော်ရှိနေ
DVB
·
May 26, 2017
မြန်မာ့ပြည်ပကြွေးမြီ ကန်ဒေါ်လာ ၉၅၃၀ သန်းကျော်ရှိနေ
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကြွေးမြီပေါင်း အမေရိကန်ဒေါ်လာ ၉၅၃၀ ဒသမ ၂၅၂ သန်း ကျန်ရှိနေပြီး ချေးငွေများထဲမှာ တရုတ်နိုင်ငံဆီကနေ အမေရိကန်ဒေါ်လာ ၄၃၁၂ ဒသမ ၂၈၆ သန်းနဲ့ ဂျပန်နိုင်ငံ (JICA) ကနေ အမေရိကန်ဒေါ်လာ ၁၉၈၈ ဒသမ ၃၅၄ သန်း ပါဝင်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြည်ပကြွေးမြီ လက်ကျန်အခြေအနေအရ တရုတ်နိုင်ငံဆီကနေ ချေးငွေယူတာဟာ အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ဆီကတော့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းက “ဝန်ကြီးဌာနအလိုက် ပြည်ပကြွေးမြီလက်ကျန် အခြေအနေအရ ယခင် စွမ်းအင်ဝန်ကြီးဌာနက အများဆုံးဖြစ်ပြီး ယခင် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယအများဆုံး ဖြစ်ပါတယ်။ ယခင် စွမ်းအင်ဝန်ကြီးဌာနက ရယူထားတဲ့ ချေးငွေအများမှာ လုပ်ငန်းစီမံကိန်းများအတွက် ရယူထားခြင်းဖြစ်ပြီး ယခင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ချေးငွေများအနက် ဝန်ကြီးဌာန၏ စီမံကိန်းအတွက် သုံးစွဲခြင်းမှာ အနည်းငယ်သာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ချေးငွေတွေကို ပြည်ပနိုင်ငံ၊ အဖွဲ့အစည်း ၁၈ ခုမှ ထုတ်ချေးပေးခဲ့တာဖြစ်ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၂၂ ခုက ချေးငွေရယူသုံးစွဲခဲ့တာပါ။

ချေးငွေတွေထဲမှာ (ယခင်) စွမ်းအင်ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၂၃၄၉ ဒသမ ၀၃၉ သန်း၊ (ယခင်) ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၂၂၁၆ ဒသမ ၉၀၆ သန်းနဲ့ (ယခင်) စက်မှုဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၁၇၀၀ ဒသမ ၉၈၆ သန်း ကြွေးမြီ ကျန်ရှိနေသေးတယ်လို့ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ် အစိုးရရဲ့ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံအနေနဲ့ ချေးငွေတွေကို ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုအခြေပြုလုပ်ငန်းတွေအတွက် သုံးစွဲတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013