DVB Logo
Home
နိုင်ငံရေး
“အရင်အန်စီအေနဲ့တော့ ကျနော်တို့ လက်မှတ်ထိုးမှာမဟုတ်ဘူး” - ဦးကျောက်ကော်အန်း
DVB
·
May 26, 2017
“အရင်အန်စီအေနဲ့တော့ ကျနော်တို့ လက်မှတ်ထိုးမှာမဟုတ်ဘူး” - ဦးကျောက်ကော်အန်း
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီတို့ နေပြည်တော် မြနန်းဘုံသာလမ်းက နိုင်ငံတော်အတိုင်ပင်ခံ နေအိမ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေတွေနဲ့ပတ်သက်လို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးမှူးကြီး ဦးကျောက်ကော်အန်းကို မီဒီယာတွေက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့တွေ့တာ ဘာတွေဆွေးနွေးခဲ့လဲ။

ဖြေ - ကျနော်တို့ နေပြည်တော်ကို အရောက်လာတဲ့အကြောင်းအရင်း အသေးစိတ်က ကျနော်တို့ မနေ့က ပေးလိုက်ပြီးပြီ။ ကျနော်တို့ကတော့ ဘာမှမဆွေးနွေးပါဘူး။ အဓိက တယောက်နဲ့တယောက် ရင်းနှီးအောင် တွေ့ဆုံတာပါ။ အိမ်သွားတာက မိသားစုလို ရင်းရင်းနှီးနှီး ပိုပြီးတော့ ရင်းနှီးအောင်ဆိုပြီး ကျနော်တို့က အိမ်မှာ သွားပြီးတော့ သွားတွေ့တာ။

မေး - တင်ထားတဲ့စာတန်းပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘာများပြောလိုက်လဲ။

ဖြေ - သူကြည့်ဖို့ အချိန်မရှိသေးပါဘူး။ မနက်ကမှ ပေးလိုက်တာ။ သူကြည့်ဖို့ အချိန်မရှိသေးပါဘူး။

မေး - ဒေါ်အောင်ဆန်းစုကြည်က အန်စီအေကို လက်မှတ်ထိုးဖို့အတွက် တိုက်တွန်းပြောဆိုတာများ ရှိပါသလား။

ဖြေ - သူတို့က မျှော်တော့မျှော်လင့်တယ်။ ဒါပေမယ့် ကျနော်တို့က သူပြောတဲ့ အန်စီအေနဲ့ ကျနော်တို့ ပြန်ပြင်ထားတဲ့ဟာနဲ့ မတူဘူးပေါ့နော်။ ဒါပေမယ့် ကျနော်တို့က အရင်အန်စီအေနဲ့တော့ ကျနော်တို့ ထိုးမှာမဟုတ်ဘူး။ ကျနော်တို့ ပြန်ပြင်ဆင်မှပဲ ထိုးမယ်။

မေး - အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့နိုင်ဖို့က တရုတ်နိုင်ငံရဲ့ စီစဉ်ပေးမှုကြောင့်လား။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကိုသွားတဲ့အချိန်က တရုတ်ပြည်ရဲ့ One Belt One Road ပေါ်လစီပေါ့နော်။ အဲဒါလည်း နည်းနည်းဆွေးနွေးဖြစ်တယ်ပေါ့နော်။ ကြားထဲမှာ သူတို့က သဘောတူညီထားတာလည်း ရှိရင်ရှိမယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ တရုတ်ပြည်က ကျနော်တို့ကို တိုက်တွန်းပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်ချမ်းရေးလမ်းစဉ်ရောက်အောင် သူတို့ရဲ့အကျိုး၊ မြန်မာပြည်ရဲ့ အကျိုးပေါ့နော်၊ နှစ်ဘက်အကျိုးလည်း ပါတယ်ပေါ့နော်။ အဲဒါကြောင့်မို့ သူတို့က အားသွန်ခွန်စိုက်နဲ့ ပြောပြီးမှ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ထဲကို ပါဝင်နိုင်အောင်ပေါ့။

မေး - တပ်ဘက်နဲ့ရော အဆင်ပြေရဲ့လား။

ဖြေ - ဒီတပ်ဘက်နဲ့ ကျနော်တို့ UWSA နဲ့က အဆင်ပြေပါတယ်။ ကျနော်ထင်တာကတော့ မတွေ့ဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဟို ၃ ဖွဲ့က စစ်တိုက်နေတဲ့ ၃ ဖွဲ့လည်း ကျနော်တို့နဲ့ ခေါ်လာတာကို။ ကျနော်တို့ ၇ ဖွဲ့က တဖွဲ့လုံးပေါ့နော်။ ကျနော်တို့က နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီပေါ့နော်။ သူတို့ ၃ ဖွဲ့လည်းပါတာပေါ့နော်။

မေး - တရုတ်ကလည်း ဖိအားပေးတယ် အန်စီအေထိုးဖို့၊ ဆရာတို့လည်း အန်စီအေပြင်ဖို့ ကြိုးစားနေတယ်။ တဘက်တပ်ကလည်း အန်စီအေကို မပြင်ဘူးလို့ပြောတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်မလဲ။

ဖြေ - ဒါက သိပ်မထူးဆန်းပါဘူးနော်။ သူ့ဘက် သူ့ရပ်တည်ချက်နဲ့ ကိုယ့်ရပ်တည်ချက်မတူဘူး။ ဒါညှိယူရမှာပေါ့နော်။ အားလုံးတကယ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တယ်။ ငြိမ်းချမ်းရေးအတွက် အားလုံးကြိုးပမ်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် တရက်ရက်တော့ ငြိမ်းချမ်းလာမှာပါလို့ ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013