DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 26, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၉,၃၅,၀၀၀ ပေါက်ဈေး ရှိနေပြီးတော့ ဒီနေ့မှာ ၁ တန်ကို ၈၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကလည်း ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၆,၅၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၂၀၈၀ ပေါက်ဈေး ရှိနေပါတယ်။

ပဲကြီး
ပဲကြီးက ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၉၂၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၉၀ ဈေးတက်လာပါတယ်။ ၁ ပတ်အတွင်း ၁ ပိဿာကို ကျပ် ၅၀၀ နီးပါး ဈေးတက်လာပါတယ်။

ကြက်သွန်နီ(မြစ်သား)
ကြက်သွန်နီ(မြစ်သား) အမျိုးအစားကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၁၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၂,၄၀၀ ပေါက်ဈေးရှိပါတယ်။ ၁ ပတ်အတွင်း ၁ ပိဿာကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မြေပဲလုံးဆံနီ
မုံရွာကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၂၃၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

မန်ကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မန်ကျည်းတောင့်က ၁ ပိဿာကို ၉၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၉၄၀ ကျပ် ပေါက်ဈေး ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013