DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် သဘောတူ
DVB
·
February 6, 2012
ကေအန်ပီပီနှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် သဘောတူ
Donate to DVB

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ထိုင်း-မြန်မာ​ နယ်စပ်မြို့တခုမှာ ဒီကနေ့မနက် တွေ့ဆုံ​ ဆွေးနွေးပါတယ်။

[caption id="attachment_19737" align="alignright" width="300" caption="ခူးဦးရယ်"][/caption]

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လုပ်ဆောင်နိုင်ဖို့ အတွက် နောက်ထပ်​​ ​တွေ့ဆုံဆွေးနွေးပွဲတခုကို​ ​မြန်မာနိုင်ငံတွင်းမှာ ကျင်းပဖို့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ အကြမ်းဖျင်း သဘောတူညီချက် ရရှိခဲ့တယ်လို့​ ​ကေအန်ပီပီက​ ​ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် တနေရာမှာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့​ ​မနက်ပိုင်း​ ​ဆွေးနွေးပွဲအပြီးမှာ​ ​ကေအန်ပီပီပါတီက​ ​ရွှေ့ပြောင်းခံထားရတဲ့​ ​ပြည်တွင်းက​ပြည်သူများ​ ​ပြန်လည်နေရာချထားရေး​ ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါအပြင် နောက်ထပ် ဆွေးနွေးပွဲအတွက် လိုအပ်မယ့် ပြင်ဆင်မှုလေးတွေကို ညှိနှိုင်းနိုင်ခဲ့တယ်လို့  ကေအန်ပီပီပါတီရဲ့ အတွင်းရေးမှူး ၁ ခူးဦးရယ်က ပြောပါတယ်။

“ပထမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လုပ်နိုင်ဖို့ ပြောတယ်။ နောက်တခါ တွေ့ဆုံဆွေးနွေးရေး တပွဲလုပ်ဖို့ ပြည်တွင်းမှာ တနေရာမှာဆုံကြဖို့ အဲ့ဒီ့သဘောထားအမြင်တွေကိုတော့ ဆွေးနွေးကြရင်း ကျနော်တို့ အကြမ်းဖျင်း သဘောတူညီမှု တခုတော့ ရခဲ့တယ်လို့ ပြောရမယ်။ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မဖြစ်မနေလုပ်ဖို့တော့ လိုအပ်တယ်။ သဘောတူခြင်းကို လက်မှတ်ထိုးဖို့ လိုအပ်တယ်ဆိုတဲ့ ဆွေးနွေးချက်တွေ ဆွေးနွေးဖြစ်တယ်။ အဲ့ဒီအပေါ်မှာပဲ နောက်ဆွေးနွေးပွဲတွေမှာ အကျေအလည် ညှိနှိုင်း ဆွေးနွေးကြပြီးမှပဲ သဘာတူညီချက်ကို လက်မှတ်ထိုးတန် ထိုးမယ်ဆိုတဲ့ သဘောထားတော့ ရှိပါတယ်။”

အခုဆွေးနွေးပွဲမှာ သဘောတူညီချက်အတွက် တစုံတရာ လက်မှတ်ရေးထိုးတာမရှိဘဲ အရင်ကဆွေးနွေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး၊ ဆက်သွယ်ရေးရုံးဖွင့်လှစ်ရေး၊ သက်ဆိုင်ရာ နယ်မြေအတွင်း သွားလာပါက​ ​ကြိုတင်အကြောင်းကြားရေးတို့ကို​ ​ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

အခုတွေ့ဆုံမှုဟာ ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီးတော့ အရင်နှစ် နိုဝင်ဘာလတုန်းက ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မှာ  ကေအန်ပီပီနဲ့ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013