DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင် ဆီတင်စက်လှေတစီး မီး​လောင်​ပေါက်​ကွဲ​ (ရုပ်သံ)
DVB
·
May 26, 2017
ချောက်မြို့တွင် ဆီတင်စက်လှေတစီး မီး​လောင်​ပေါက်​ကွဲ​ (ရုပ်သံ)
Donate to DVB



မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ် ၇ ရွာဟောင်းအနီး ဧရာဝတီမြစ်ကြောင်းမှာ ဆီပေပါတွေ တင်ဆောင်လာတဲ့ စက်လှေတစီး မီးလောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။

မေ ၂၅ ရက် ည ၈ နာရီကျော်မှာ စက်လှေမီးလောင်ပြီး မြစ်ကြောင်းတလျှောက် မျောနေလို့ ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ချောက်မြို့နယ် လူမှုရေးအသင်းအဖွဲ့တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ချောက်မြို့နယ် တောင်ဘက် စလေအနီး ည ၁၁ လောက်မှာ မီးညွန့်ကျိုးသွားတယ်လို့ မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ပခုက္ကူမြို့နယ်၊ လမ်းရွာကျေးရွာအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာနေ စက်လှေပိုင်ရှင် ဦးထွေးမောင် မောင်းနှင်လာတဲ့ `ရွှေငွေထွန်း´ အမည်ရှိ ရှပ်ပြေးယာဉ်အမျိုးအစား ၆ လုံးထိုး မီးခိုးရောင်စက်လှေဟာ ရေနံချက်ဆီပေပါ အလုံး ၂၀ တင်ဆောင်ကာ ချောက်မြို့ကို မောင်းနှင်လာစဉ် ညောင်ဦးမြို့နယ် စဥ့်ကူကျေးရွာအနီးအရောက်မှာ စက်ပျက်သွားခဲ့တာပါ။

စက်ပျက်ပြီး မျောလာခဲ့ရာကနေ ချောက်မြို့ အမှတ်  ၇ ရွာဟောင်းအနီးမှာ စက်ပြန်နှိုးနေစဉ် ဒိုင်နမိုကနေ မီးကူးပြီး စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

စက်လှေပေါ်ပါသူတွေ ရေထဲခုန်ချ ထွက်ပြေးခဲ့လို့ လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ချောက်မြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်မှုကြောင့် စက်လှေအပါအဝင် ကျပ်ငွေ သိန်း ၁၅၀ ဖိုးလောက် ဆုံးရှုံးခဲ့ရပြီး စက်လှေပိုင်ရှင် ဦးထွေးအောင်ကို ချောက်မြို့ မြို့မရဲစခန်းမှာ ဥပဒေနဲ့အညီ စစ်ဆေး အရေးယူနေပါတယ်။

သတင်း ရုပ်သံ - Jame Ko

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013