DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ်တွင် ရှေဟောင်းဒင်္ဂါးပြားအတု ၈၀၀ ခန့် ဖမ်းမိ
DVB
·
May 26, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာတွင် မေ ၂၅ ရက်နေ့ည ၇ နာရီလောက်က  ရှေးဟောင်းငွေဒင်္ဂါးအတု ပြုလုပ်ရောင်းချသူ ၄ ဦးကို ငွေဒင်္ဂါးအပြား ၈၀၀ လောက်နဲ့ ဖမ်းဆီးမိခဲ့တယ်လို့ ကျောက်တံခါးမြို့မစခန်းက ပြောပါတယ်။

“ဒင်္ဂါးပြားတွေက အရင် အိန္ဒိယနိုင်ငံမှာ သုံးတဲ့ဟာမျိုးတွေပေါ့၊ အဲပုံစံကို အတု လုပ်ထားတာပေါ့။ အပြားက ၈၀၀ လောက် ရှိတယ်။ ကျေးရွာမှာနေတဲ့ ပြည်သူက ဖုန်းဆက်ပြောလို့ သွားကြည့်ရင်းကနေ ဖမ်းမိတာပါ။ လာရောင်းတဲ့သူတွေက လူစိမ်းတွေ ဖြစ်နေတော့ ကျေးရွာက ဖုန်းဆက်တာပါ” လို့ ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ကျော်သူထက်က  ဒီဗွီဘီကို ပြောပါတယ်။

ဒင်္ဂါးပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ သူတွေကတော့ ဗင်ဇင်းရှို၊ အာကိုစတီနိုး၊ ဇိုဝါးနီနဲ့ တိုဘီယတို့ ဖြစ်ပြီး လွိုင်ကော်မြို့နယ်မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒင်္ဂါးပြားအတုပြုလုပ်ရောင်းချ ၄ ဦးကို ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၄၆၈/၄၂၀/၁၁၄ တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။



သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013