DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 25, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ရွှေဘို ပေါ်ဆန်းမွှေးသစ်
ဝါးတန်း ကုန်စည်ဒိုင်မှာ ရွှေဘိုပေါ်ဆန်းမွှေးသစ်က ၁ အိတ်ကို ငွေကျပ် ၁၀၀၀ ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၄၄,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။

နွေသီးထပ်ရှယ်
နွေသီးထပ်ရှယ်ကလည်း ၁ အိတ်ကို ငွေကျပ် ၂၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၁၉,၀၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၉,၃၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ၈,၅၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ငွေကျပ် ၆,၆၁,၅၀၀ ပေါက်ဈေးရှိပါတယ်။


ပဲထောပတ်
ပဲထောပတ်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၁,၆၉၀ ပေါက်ဈေး ရှိပါတယ်။


ကြက်သွန်နီ
ကြက်သွန်နီက ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၅၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၆၀၀ ကျပ်ကနေ ၁,၁၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။

ကြက်သွန်ဖြူ(တောင်ကြီး)
ကြက်သွန်ဖြူ(တောင်ကြီး) အမျိုးအစားကတော့ ဒီနေ့မှာတော့ ၁ ပိဿာကို ၂၇၀၀ ကျပ်ကနေ ၃၉၀၀  ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ငွေကျပ် ၃၀၀ ဈေးတက်လာပါတယ်။

ငရုတ်ရှည်
ငရုတ်ရှည်ကတော့ ၁ ပိဿာကို ငွေကျပ် ၃,၁၀၀ ပေါက်ဈေးရှိပြီးတော့ ၁ ပိဿာကို ငွေကျပ် ၁၀၀ ဈေးကျသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013