DVB Logo
Home
မြန်မာသတင်း
ရေး-ထားဝယ်သွားကားလမ်းမပေါ် ယာဉ်တိုက်မှုဖြစ်၊ အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
May 25, 2017
ရေး-ထားဝယ်သွားကားလမ်းမပေါ် ယာဉ်တိုက်မှုဖြစ်၊ အမျိုးသမီး ၂ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာအပိုင် ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် ၁၀၁/၆ နဲ့ ၁၀၂/၀  အကြားမှာ ဒီနေ့ မနက်က ဟိုက်ဂျက်ကားနဲ့ ဆိုင်ကယ်တို့ တိုက်မိလို့ ဆိုင်ကယ်ယဉ်မောင်းသူနဲ့လိုက်ပါစီးနင်းသူ အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။

ရေးမြို့ဘက်က ကလော့ကျေးရွာကို စောမွန် မောင်းနှင်လာတဲ့ ဟိုက်ဂျက်ကားယာဉ် အမိုးကိုင်းပြုတ်ထွက်ကာ ဆိုင်ကယ်ကို တိုက်မိလို့ မသီမွန် နဲ့ နောက်မှလိုက်ပါစီးနင်းသူ ဒေါ်ကြည်ဝင်းတို့ ဆိုင်ကယ်ပေါ်မှ လွင့်စင်ကျပြီး ရရှိတဲ့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာလို့ ရေးမြို့မရဲစခန်းမှ ဒုရဲအုပ်ညွန့်ဝင်းအောင်က ပြောပါတယ်။ ယာဉ်မောင်း စောမွန်မှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရေးမြို့မ ရဲစခန်းက ယာဉ်မောင်း စောမွန်ကို ရာဇသတ်ကြီးပုဒ်မ-၃၃၇/ ၃၃၈/၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဒုရဲအုပ်က ပြောပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013