DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ချင်တာကြောင့် ၂၁ ပင်လုံတက်ရောက်ဟု ဒေါက်တာအေးမောင်ပြော
DVB
·
May 25, 2017
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ချင်တာကြောင့် ၂၁ ပင်လုံတက်ရောက်ဟု ဒေါက်တာအေးမောင်ပြော
Donate to DVB

 

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရခဲ့ပေမယ့် သဘောထားကြီးကြီးထားပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါတီတခုအနေနဲ့ ပါဝင်ချင်တာကြောင့် ၂၁ ရာစု ညီလာခံ ဒုတိယ အကြိမ် အစည်းအဝေးတက်ရတာလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါတီတစ်ခု အနေနဲ့ ပါချင်တယ်။ ပြည်ထောင်စု စစ်စစ်မှန်မှန်ကို တည်ဆောက်ဖို့အတွက် အိုင်ဒီယာတွေ ပေးချင်တယ်။ တမျိုးသားလုံးရဲ့ အယူအဆကို ပေးချင်တယ်။ ဒီနေရာမှာ နောက်မှာ မကျန်ခဲ့ချင်ဘူး။ အဲ့ဒါကြောင့် သဘောထား မကြီးတဲ့ အနေအထားဖြစ်တဲ့ အစိုးရ လုပ်ပိုင်ခွင့် ရှိတဲ့ ပုဂ္ဂိုလ်များရဲ့ အနေနဲ့ သဘောထားကြီးကြီး ပြပေးရတယ်။ အဲ့တော့ ကျနော်တို့က အများကြီး အကျဉ်းအကြပ်ကြား ထဲက သဘောထားကြီး ကြောင်းကိုပြပြီးမှ မတက်သင့်ဘူးမှတ်ပေမယ့်လို့ တက်ပြီးမှ ပါဝင်ဆွေးနွေးခြင်းဟာဖြင့် ဒီညီလာခံ ကြီးကို အောင်မြင်စေချင်တယ်။ ”

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူများအရ တနိုင်ငံလုံးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရမှာ ဖြစ်ပေမယ့် ၂၁ရာစု ပင်လုံညီလာခံ ပထမ အစည်းအဝေးနဲ့ လက်ရှိ ကျင်းပနေတဲ့ ဒုတိယအကြိမ် အစည်းအဝေးအကြား ၈ လ အချိန်ကာလ မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ၆ နေရာသာ ကျင်းပနိုင်ခဲ့ပါတယ်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ချင်း ပအို့နဲ့ ကရင်တို့သာ ကျင်းပခွင့်ရခဲ့ပြီး ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာတော့ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပခွင့် ရခဲ့ပါတယ်။

တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ကျင်းပနိုင်ခဲ့ခြင်း မရှိတဲ့အတွက် ကျန်ခဲ့တဲ့ ဒေသတွေက လူထုအသံတွေကို ၂၁ ပင်လုံ ဒုတိယအစည်းအဝေးမှာ ဆွေးနွေးခွင့် တင်ပြခွင့်တွေဆုံးရှုံးခဲ့ တယ်လို့ ညီလာခံမှာ တနသာင်္ရီတိုင်းကနေ  လေ့လာသူ အဖြစ် တက်ရောက်လာတဲ့ မယမင်းက ပြောပါတယ်။

“အဲ့လိုမျိုး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရတဲ့ ဒေသတွေအတွက်တော့ အရမ်း နစ်နာပါတယ်။ ကလေးတွေရော ဖွံ့ဖြိုးရေးအတွက်တွေရောပေါ့နော် အားလုံးအတွက် အရမ်း နစ်နာပါတယ်။ ဒီမှာ လာပြီးတော့ ဆွေးနွေးခွင့်ရတဲ့ တိုင်းရင်းသားဒေသတွေတော့ ဖွံ့ဖြိုးလာ တယ်။ မလာရောက် မဆွေးနွေးနိုင်တဲ့ ဒေသတွေအတွက်တော့ အရမ်းလည်း အခက်အခဲတွေ ရှိတယ်” လို့ ဆိုပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် တိုင်းဒေသကြီးတွေမှာ ဒေသအလိုက် အမျိုးသားအဆင့်အလိုက်ဆွေးနွေးခြင်း၊ ပြည်နယ်တွေမှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးခြင်းနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေအတွက် အကြောင်းအရာအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးမှုတွေကို ပြုလုပ်ဖို့ မူဝါဒ ရှိတာဖြစ်ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကိုတော့  ပြီးခဲ့တဲ့ မတ်လက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013