DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံနှင့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ကို ကျေးဇူးတင်ကြောင်း ဒေါက်တာတင်မျိုးဝင်းပြော (ရုပ်သံ)
DVB
·
May 25, 2017
တရုတ်နိုင်ငံနှင့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ကို ကျေးဇူးတင်ကြောင်း ဒေါက်တာတင်မျိုးဝင်းပြော (ရုပ်သံ)
Donate to DVB

၂၁ရာစုပင်လုံညီလာခံကို တက်ရောက်လာတဲ့ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ကို ကျေးဇူးတင်တဲ့ အကြောင်း  ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းကပြောပါတယ်။

နေပြည်တော် Horizon Lakeview ဟိုတယ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက  မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ကို တဖွဲ့ ချင်းစီတွေ့ဆုံပြီး ကျေးဇူးတင်စကားပြောဆိုခဲ့တာလို့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက  ပြောပါတယ်။

“လာတက်တဲ့အတွက် ကျနော်တို့တဖွဲ့ချင်းစီကို ကျေးဇူးတင်စကားပြောတဲ့သဘောပါ။ တဖွဲ့ချင်းစီဆိုတော့ နည်းနည်းကြာသွားတယ်။ အခု အဓိကကတော့ very socialပဲ။ ဘာတွေဆွေးနွေးတာမပါဘူး။ လာတာ social ပဲ။ အားလုံး ၇ ဖွဲ့လုံးနဲ့ တဖွဲ့ချင်းစီတွေ့တယ်။ အားလုံးကလည်း ကျနော်တို့နားလည်မှုရှိတယ်။ ကျေးဇူးတင်တယ်။ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ချက်တူတဲ့အတွက် အားလုံးကို နှစ်ဖက်စလုံး ကျနော်တို့ တဖက်နဲ့တဖက် အားလုံးကျေကျေ နပ်နပ်ဆွေးနွေးဖြစ်တယ်။ ဒီလောက်ပါပဲ။”

ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အကြံပေးအဖွဲ့ခေါင်းဆောင်ဦးအောင်ကြည်တို့ တက်ရောက်ဆွေးနွေးခဲ့ ပါတယ်။

မြောက်ပိုင်းအဖွဲ့အနေနဲ့ ညီလာခံကိုလာတက်ပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ညီလာခံတက်နိုင်ရေးဝင်ရောက်ဆောင်ရွက်ပေးခဲ့တဲ့ တရုတ်ပြည်ကိုလည်း ကျေးဇူးတင်ကြောင်း လည်း မီဒီယာတွေနဲ့တွေ့ဆုံစဉ် ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

“အားလုံးကို နိုင်ငံတော်ဘက်က ကျေးဇူးတင်ဖို့ သိပ်ကောင်းတယ်။ ခွင့်ပြုတယ်။ သူတို့ဘက်လာတာလည်း ကျနော်တို့က ကျေးဇူးတင်တယ်။ ၀င်ရောက်ဆောင်ရွက်ပေးတဲ့ တရုတ်ပြည်ကိုလည်း ကျေးဇူးတင်တယ်။ ဘာလို့လဲ၊ တွေ့ရတယ်။ စကားပြောရတယ်။ အဓိကက trust ပဲလိုတယ်။ ယုံကြည်မှုတည်ဆောက်ဖို့အတွက် မျက်နှာချင်းဆိုင် စကားပြောတယ်။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့လည်း မနက်ဖြန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တဖွဲ့ချင်းစီတွေ့ဆုံမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013