DVB Logo
Home
မြန်မာသတင်း
အန်စီအေပါ ခွဲမထွက်ရေးမူ SNLDပါတီလက်မခံ (ရုပ်သံ)
DVB
·
May 25, 2017
အန်စီအေပါ ခွဲမထွက်ရေးမူ SNLDပါတီလက်မခံ (ရုပ်သံ)
Donate to DVB

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုဆိုင်ရာ ရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ ပါရှိတဲ့ နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ အချက်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က လက်မခံဘဲ ကန့်ကွက်လိုက်ပါတယ်။

အန်စီအေစာချုပ်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေးသုံးပါး ထည့်သွင်း ထားပြီးဖြစ်တဲ့ အတွက်ထည့်သွင်းစရာ မလိုအပ်ဘူးလို့ယူဆတာကြောင့် ကန့်ကွက်တာလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးဆွေးနွေးပွဲကိုယ်စားလှယ်အဖြစ် တက်ရောက် နေတဲ့ ပါတီစည်းရုံးရေးမှူး စိုင်းထင်ကျော်က ဒီဗွီဘီကိုပြောပါတယ်။

“အဓိက ကျနော်တို့ ကန့်ကွက်တဲ့အချက်သည် ပုဒ်မ ၈၊ အပိုဒ်ခွဲ (ဂ)။ ပုဒ်မ ၈ အပိုဒ်ခွဲ (က)မှာ ဒို့တာဝန်အရေးသုံးပါး ထည့်သွင်းထားပြီးဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီအချက်က ထည့်စရာမလိုဘူးလို့ ကျနော်တို့ ကန့်ကွက်တယ်။ နံပါတ် (၂) ဒါ ထည့်သွင်းထားခြင်းသည် ၄၇ ပင်လုံ ကတိကဝတ်တွေ၊ ပင်လုံစာချုပ်ပေါ်မှာ ကျနော်တို့က တပ်မတော်ရဲ့ဖခင်ကြီး အမျိုးသားေ ခါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ခေါင်းဆောင်တွေ ညှိနှိုင်းထားချက်၊ သဘောတူထားချက် ပင်လုံစာချုပ်ကြီးကို သွေဖည်ရာ ရောက်တယ်လို့ ကျနော်တို့ပါတီကြီးက လေးလေးနက်နက် ခံယူတယ်။ ဒါကြောင့် ကန့်ကွက်တယ်။”

အခုလက်ရှိသွားနေတဲ့လမ်းကြောင်းဟာ လုပ်ထုံးလုပ်နည်းအရလွဲချော်နေပြီး အခုလို ဆက်သွားပါက အန်စီအေ လမ်းကြောင်းပေါ်ကိုမရောက်လာသေးတဲ့ အဖွဲ့အစည်းတွေကို အခက်အခဲဖြစ်စေတယ်လို့လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှမည်သည့်အခါမှခွဲ မထွက်ရဆိုတဲ့ အချက်ဟာ  အစုအဖွဲ့တစ်ဖွဲ့တချို့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိ သွားနိုင်ပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်တယ်လို့ ယူဆတဲ့ အကြောင်းလည်း SNLD ပါတီရဲ့ ဒီကနေ့ မေ ၂၅ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013