DVB Logo
Home
မြန်မာသတင်း
မဘသ ဘဏ်စာရင်းမရှိဟု ယူနိုက်တက်အမရဘဏ် တာဝန်ရှိသူပြော
DVB
·
May 25, 2017
မဘသ ဘဏ်စာရင်းမရှိဟု ယူနိုက်တက်အမရဘဏ် တာဝန်ရှိသူပြော
Donate to DVB

မဘသအဖွဲ့နဲ့ ယူနိုက်တက် အမရဘဏ်တို့ ပတ်သက်ဆက်နွှယ်မှုရှိတယ်ဆိုပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုရဲ့ ပြောကြားချက်ဟာ မမှန်ဘူးလို့ ဘဏ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးသိန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

“၂၀၁၆ တုန်းက ကောလာဟလကို မူတည်ပြီးတော့ သူက ပြောသွားတယ်။ အဲဒီတုန်းက ဆိုရှယ်မီဒီယာ အတုကနေပြီးတော့ တင်သွားတာ။ အဲဒီ ပေ့ဂ်ျကိုလည်း ကျွန်တော်တို့ ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။ ဘဏ်တစ်ခုကို အဲဒီလို ပြောလိုက်တာက ဘဏ်လုပ်ငန်းတစ်ခုလုံးကို မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်” လို့ အမှုဆောင်အရာရှိချုပ် ဦးသိန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီလို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီးကို တုံ့ပြန်ဖို့တော့မရှိပါဘူးလို့ လည်း သူက ဆက်ပြောပါတယ်။

ဘာသာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေရဲ့ ဘဏ်တွေမှာ အပ်နှံတဲ့ ငွေစာရင်းကို ဗဟိုဘဏ်က တဆင့် တောင်းခံခဲ့ပေမယ့် နောက်ကျမှ ရတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး က မီဒီယာတွေကိုပြောပါတယ်။

အမရဘဏ် အမှုဆောင်အရာရှိချုပ်ကတော့ သူတို့ဘဏ်ဟာ ဗဟိုဘဏ်က တောင်းခံတဲ့ အချက်အလက်တိုင်းကို အချိန်မီ ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

“တောင်းတာကတော့ သာသနာရေးနဲ့ ဘာသာရေးအဖွဲ့အစည်းပေါ့နော်။ တိုက်ရိုက်ပြောရရင်တော့ မဘသ အဖွဲ့အစည်းတွေက ကျွန်တော်တို့ဘဏ်မှာ အကောင့်ရှိသလား ဆိုရင် မရှိဘူးလို့ အတိအကျ ပြောလို့ရတယ်” လို့ ဦးသိန်းလွင်က ပြောပါတယ်။

စနေ၊ တနင်္ဂနွေမှာ ငွေတွေ ထုတ်ပေးခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း မဟုတ်မှန်ဘူးလို့ ဘဏ်တာဝန်ရှိသူက အခိုင်အမာပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားရေး လှုပ်ရှားသူတွေက သာသနာရေးဝန်ကြီး နှုတ်ထွက်ဖို့ နေပြည်တော်မှာ ဆန္ဒပြခဲ့ကြပြီး ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဘဏ်စာရင်း အချက်အလက်တွေကို ဗဟိုဘဏ်မှာ တောင်းခံထားတယ်လို့ ၀န်ကြီး သူရ ဦးအောင်ကိုက မနေ့က မီဒီယာတွေကို တွေ့ဆုံ ပြောကြားထားပါတယ်။

ဒါပေမယ့် ယူနိုက်တက် အမရဘဏ် အမှုဆောင်အရာရှိချုပ်ကတော့ ခုချိန်ထိ ဗဟိုဘဏ်ရဲ့  ညွှန်ကြားချက် တစုံတရာ မရှိသေးဘူးလို့ မေ ၂၅ ရက်နေ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013