DVB Logo
Home
မြန်မာသတင်း
မဘသနှင့်ဆက်နွှယ်ပြီး သာသနာရေးဝန်ကြီး၏ ပြောဆိုချက်မဟုတ်မှန်ဟု အမရဘဏ်တုံ့ပြန်
DVB
·
May 25, 2017
မဘသနှင့်ဆက်နွှယ်ပြီး သာသနာရေးဝန်ကြီး၏ ပြောဆိုချက်မဟုတ်မှန်ဟု အမရဘဏ်တုံ့ပြန်
Donate to DVB

သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုရဲ့ ပြောကြားချက်တွေဟာ လုံးဝမှန်ကန်မှုမရှိကြောင်း အမရဘဏ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ခုရက်ပိုင်းအတွင်း မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုရဲ့ အမရဘဏ်နဲ့ ပတ်သက်ပြီး ပြောဆိုချက်တွေအပေါ် ပြန်လည်တုံ့ပြန်လိုက်တာပါ။

အမရဘဏ်ရဲ့ထုတ်ပြန်ချက်မှာ “ပြည်ထောင်စုဝန်ကြီး၏ မီဒီယာများအား ပြောကြားခဲ့သည့် မဘသအဖွဲ့အစည်းနှင့် အမရဘဏ်တို့ ပတ်သက်၍ ပြောကြားမှုများသည် လုံးဝ(လုံးဝ) မှန်ကန်မှုမရှိကြောင်း အသိပေးကြေညာအပ်သည်” လို့ ပါရှိပါတယ်။

ယူနိုက်တက်အမရဘဏ်ဟာ ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအောက်မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ပုဂ္ဂလိကဘဏ်ဖြစ်တဲ့အလျောက် ငွေကြေးစာရင်းများ၊ အကောင့်ဖွင့်လှစ်ခြင်းများ၊ ငွေထုတ်ယူခြင်းများ စတဲ့ ဘဏ္ဍာရေးကိစ္စအဝဝကို ဗဟိုဘဏ်မှ ချမှတ်ဆောင်ရွက်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ဗဟိုဘဏ်ကနေ  ငွေကြေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တောင်းဆိုလာတဲ့ အချက်အလက်တွေ၊ စာရင်းဇယားတွေကိုလည်း နှောင့်နှေးခြင်းမရှိဘဲ အချိန်မီ ပေးပို့ဆောင်ရွက်နေကြောင်းလည်း ဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်တွေရဲ့ နေပြည်တော်ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက “အဲဒီ ၂၀၁၆ တုန်းကလည်း ဒီငွေတွေ ဘယ်ကရလဲ ကျနော်တို့ တွေးပါတယ်။ တွေးလို့မို့ ကျနော့် လက်လှမ်းမီသလောက် ကိုယ်ပိုင်အတွေးလေးနဲ့ပဲ ကျနော် စာရေးပါတယ်။ ဗဟိုဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေ အပ်နှံထားတဲ့ အပ်နှံငွေစာရင်းကို ဆောလျင်စွာ စိစစ်ပြီး ပြန်ကြားပေးရန် မေတ္တာရပ်ခံပါသည် ဆိုပြီး ဗဟိုဘဏ်ကို တောင်းခဲ့ပါတယ်။ တောင်းတဲ့အခါမှာ ဗဟိုဘဏ်က အချိန်နောက်ကျမှ ပြန်ပါတယ်။ အဲဒီကာလအတွင်းမှာ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်လုံးလုံး အရပ်သတင်းတွေ ထွက်လာပါတယ်။ အမရဘဏ်မှာအပ်ထားတဲ့ ငွေတွေကို နေ့ရော ညရော စနေရော တနင်္ဂနွေရော ထုတ်ပြီး ဖြန့်ခွဲလိုက်ကြတယ်တဲ့။ အမရဘဏ်မှာ အပ်တဲ့ငွေတွေကို ပြောပါတယ်။ အမရဘဏ်ကို ဘယ်သူတည်ထောင်လဲဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ကျနော် အထူးမပြောလိုပါဘူး” လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ မှာ  မေ ၂၄ ရက် မနက်က ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာတွေရဲ့ မေးမြန်းချက်တွေ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013