DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် တောင်သူများကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ချေး
DVB
·
May 25, 2017
အင်္ဂပူမြို့နယ်တွင် တောင်သူများကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ချေး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင်းက ၂၀၁၆ -၂၀၁၇ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ နဲ့ ဆောင်း စိုက်ပျိုးစရိတ် ချေးငွေ ကျေတဲ့ တောင်သူတွေကို မြန်မာစိုက်ပျိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေတွေ စတင်ထုတ်ချေးပေးနေပါတယ်။

“အင်္ဂပူမြို့နယ်မှာတော့ ပထမဆုံး တအုပ်စုလုံးချေး ငွေအားလုံးကျေတဲ့ ဒယ်ပုတ်ကွင်းကျေးရွာအုပ်စုကို မေ ၂၃ ရက်နေက တအုပ်စုရှိ လယ်သမားတွေကို ၂၀၁၇ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးပေးနေတာပါ။ မြို့နယ်တွင်းမှာ ၆၅ ရာခိုင်နှုန်းလောက် ကြွေးကျေတာပဲ ရှိသေးပါတယ်။ ဒါပေမယ့် ကျေးရွာအုပ်စုတိုင်း မကျေပေမယ့် ချေးငွေ ကျေတဲ့ တောင်သူတွေ ရွေးထုတ်ပြီး ထုတ်ချေးသွားမှာပါ။ ဧကပေါင်း ၉၉၆၀၀ ကို ဒီနှစ်ထုတ်ချေးဖို့ လျားထားပါတယ်။ ခုတစ်ဧက တစ်သိန်းငါးသောင်းကျပ်နဲ့ တမြို့နယ် လုံးကျပ် သန်းပေါင်း ၁၄၉၄၀  ကျပ် ထုတ်ချေးမှာပါ” လို့ အင်္ဂပူမြို့နယ် စိုက်ပျိုရေး ဘဏ်မန်နေဂျာ ဦးမျိုးမြင့်သိန်း က ဒီဗွီဘီကို ပြောပါတယ်။

ဒီနှစ်အတွင်း အင်္ဂပူမြို့နယ် တခုလုံးအတွက် လျားထားစိုက်ပျိုဧက ၁၁၆၆၁၁ ဧက လျားထား တာဖြစ်တယ်လို့ စိုက်ပျိုရေးရုံး စာရင်းဇယားတွေ အရသိရပါတယ်။

ဒေသခံတောင်သူ ဦးကျော်အေး မြေစာပင်ကွင်းကျေးရွာကတော့ "ကျနော်တို့လည်း ချေးငွေ ကျေချင်ပါတယ်။ ဒါပေမယ့် ဒီနှစ် စပါးဈေး မတ်ပဲဈေး မကောင်းတော့ ငွေပြန်ဆပ်ဖို့ ခတ်နေတာပါ ဒါပေမဲ့ ဒီလိုပဲ ဖြစ်အောင်ကျေအောင်ပြန်ဆပ်ကမှာပဲ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013