DVB Logo
Home
မြန်မာသတင်း
ပြည်သူလူထုကျန်းမာရေးညီလာခံ ရန်ကုန်တွင် ကျင်းပ
DVB
·
May 25, 2017
Donate to DVB

ပြည်သူလူထုကျန်းမာရေး ညီလာခံ (People Health Assembly) ကို ရန်ကုန်တိုင်းဒေသကြီး People Health Assembly ကျင်းပရေးကော်မတီကနေ ဦးဆောင်ပြီး ရန်ကုန်မြို့ International Business Centre (IBC) မှာ မေလ ၂၄ ရက်နေ့က ကျင်းပဆွေးနွေးပါတယ်။

ဒီဆွေးနွေးပွဲမှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ လက်တွေ့ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်ချက်များ၊ ကျန်းမာရေး အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများရဲ့ ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုများ၊ ခက်ခဲသောဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်ဖို့ အထူးစီမံချက်ရေးဆွဲ အကောင်ထည်ဖော် ဆောင်ရွက်ချက်များ၊ ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်ဖို့ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည်ဖော်နိုင်မှုများနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်စေဖို့ နည်းပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ အကောင်အထည် ဖော်နိုင်ရေး ဆိုတဲ့ ခေါင်းစဉ် ၅ ခုကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး People Health Assembly ကျင်းပရေးကော်မတီက ပြောပါတယ်။

မေ ၂၄ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်မယ့် ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အရာရှိတွေ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့စည်းတွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013