DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံ တန်းတူညီမျှမှုမရှိဟု အေအေတပ်ဖွဲ့ဝေဖန် (ရုပ်သံ)
DVB
·
May 25, 2017
၂၁ ရာစုပင်လုံညီလာခံ တန်းတူညီမျှမှုမရှိဟု အေအေတပ်ဖွဲ့ဝေဖန် (ရုပ်သံ)
Donate to DVB

နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံညီလာခံကို အထူးကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံရပေမယ့် ညီလာခံမှာ တန်းတူညီမျှမှု မရှိဘူးလို့ ခံစားရတဲ့အကြောင်း ရက္ခိုင့်အမျိုးသားတပ်မတော် AA အဖွဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကော်မတီအနေနဲ့ကတော့ ပန်ခန်းအစည်းအဝေးက ဆုံးဖြတ်ထားတဲ့ မူအတိုင်းသာ သွားမယ်လို့ ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) နည်းလမ်းဟာ အချိန်ကုန်ပြီး အလုပ်မဖြစ်နိုင်ဘူးလို့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကပြောထားပါတယ်။

ရက္ခိုင့်အမျိုးသားတပ်မတော် AA အနေနဲ့ ၂၁ ပင်လုံညီလာခံကို တရုတ်နို်င်ငံရဲ့ မဖြစ်မနေ တိုက်တွန်းမေတ္တာရပ်ခံချက်ကြောင့်သာ လာရောက်တက်ရောက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013