DVB Logo
Home
မြန်မာသတင်း
အိမ်ပြန်နိုင်ရေး အစိုးရတပ်များဆုတ်ခွာပေးရန်နှင့် မြေမြှုပ်မိုင်းများရှင်းလင်းပေးရန် အီတူးထဒုက္ခသည်များတောင်းဆို
DVB
·
May 24, 2017
အိမ်ပြန်နိုင်ရေး အစိုးရတပ်များဆုတ်ခွာပေးရန်နှင့် မြေမြှုပ်မိုင်းများရှင်းလင်းပေးရန် အီတူးထဒုက္ခသည်များတောင်းဆို
Donate to DVB

စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေခဲ့ရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရတပ်က ဆုတ်ခွာပေးဖို့နဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ နေရပ်စွန့်ခွာပြေးနေရတဲ့ ကရင်ပြည်နယ်က အီးတူထ ဒုက္ခသည်တွေ တောင်းဆိုလိုက်ကြပါတယ်။

ဒီကနေ့ စခန်းတွင်း စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ပြီး ကြေညာချက်တွေ ထုတ်ပြန်တောင်းဆိုခဲ့ ကြပါတယ်။

လူဦးရေ ၃ ထောင်နီးပါးနေထိုင်ပြီး လက်ရှိ ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်းမှာ တည်ရှိနေတဲ့ အိုင်ဒီပီ စခန်းတခုဖြစ်တဲ့ အီးတူထ စစ်ရှောင်ဒုက္ခသည်စခန်းဟာ လာမယ့် စက်တင်ဘာလ မှာဆိုရင် သူတို့ကို ပေးနေကျ စားနပ်ရိက္ခာအထောက်အပံ့တွေ ရပ်တန့်တော့မှာပါ။

သူတို့ထဲက တချို့ နေရပ်ပြန်လည်နေထိုင်ဖို့ ပြင်ဆင်မှုတချို့ရှိနေပေမယ့် အများစုကတော့ ပြန်စရာနေရာ မရှိတော့သလို အစိုးရတပ်ရဲ့ နေရာယူတပ်စွဲထားခြင်းကြောင်း မပြန်ရဲဘဲ စိုးရိမ်ပူပန်မှုများစွာ ကြုံတွေ့နေရတယ်လို့ အီးတူထဒုက္ခသည်စခန်းက နော်သဲနေက ပြောပါတယ်။

“ဒီ ၂၀၁၇ ခု စက်တင်ဘာလအတွင်း ကျမတို့ကို ထောက်ပံ့နေတဲ့ ရိက္ခာတွေ ရပ်တန့်တော့မှာပါ။ ဒါကြောင့် ကျမတို့အတွက်ရော၊ ကျောင်းသူကျောင်းသားတွေအတွက်ပါ စိုးရိမ်ပူပန်စရာတွေ အများကြီးရှိလာပါတယ်။ မိဘတွေအတွက်လည်း အခက်အခဲပေါင်းများစွာ ရင်ဆိုင်ရတော့မှာပါ။ ကျမတို့ သိပ်သနားဖို့ကောင်းပါတယ်။ ဒါပေမယ့် ကျမတို့ ဘာမှ မတတ်နိုင်ဘူး။ ဒါကြောင့်အခုလို ကျမတို့ လိုလားချက်တွေကို တောင်းဆိုရတာပါ။”

အီးတူထ အိုင်ဒီပီ ဒုက္ခသည်စခန်းအနေနဲ့က သူတို့နေရာနယ်မြေထဲမှာ ရှိနေတဲ့ အစိုးရတပ် စခန်းတွေကို ရုပ်သိမ်းပေးဖို့၊ မြေမြှုပ်ပိုင်းတွေကို ဖယ်ရှားပေးဖို့၊ အကြမ်းဖက်မှုဟူသမျှ ရပ်တန့် ပေးဖို့၊ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲဖို့၊ ဒုက္ခသည်တွေအိမ်ပြန်ချိန်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရှိပြီး ပြည်စုံရှင်းလင်းစွာရေးဆွဲထားတဲ့ ပြန်လည်နေရာချထားရေးအစီစဉ်တွေ ရေးဆွဲချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အရင်အပစ်ခတ်ရပ်စဲရေးမလုပ်ခင် ဖာပွန်ခရိုင်တွင်း အစိုးရတပ်မတော်တပ်စခန်း ၆၅ ခုသာရှိခဲ့ရာ ၂၀၁၂ ခုနှစ် အပစ်ရပ်ပြီးနောက်ပိုင်း တပ်မတော် တပ်စခန်း ၈၁ ခုအထိ တိုးမြှင့်လာခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီအစိုးရတပ်ရဲ့ တိုးမြှင့်လာမှုကြောင့် ဒုက္ခသည်တွေအနေနဲ့ မပြန်ရဲကြတာလို့လည်း နော်သဲနေက ပြောပါတယ်။

“ကျမတို့ မပြန်ချင်တာ မဟုတ်ဘူး။ ပြန်ချင်တယ်။ ဒါပေမယ့် ကျမတို့နယ်မြေဒေသတွေမှာ အစိုးရ တပ်က မဆုတ်ခွာတဲ့အပြင် ပိုပြီးတိုးလာတယ်။ နောက်တခု မြေမြှုပ်မိုင်းတွေ၊ ဘာတွေက ဘာမှ မရှင်းရသေးဘူး။ ကျမတို့ပြန်ရင် လုံခြုံမှုမရှိဘူး။ ကျမတို့ ဒီအီတူးထစခန်းရောက်လာတာ အစိုးရ တပ်ရဲ့ ကျမတို့ ဒေသကို တက်လာပြီး လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ ညင်ပန်းနှိပ်စက်မှုကြောင့် ကျမတို့ ရောက်လာတာဖြစ်ပါတယ်။ သူတို့သာ တက်လာပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေ မရှိခဲ့ဘူးဆိုရင် ရောက်လာစရာအကြောင်း မရှိဘူး။”

ပြည်တွင်းမှာ ငြိမ်းချမ်းမှုတွေ ရရှိနေပြီလို့ အစိုးရဘက်က ပြောဆိုနေမယ့် ကျမတို့ အိုင်ဒီပီတွေ အနေနဲ့ကတော့ ဘာမှ ထူးခြားမှုမရှိကြောင်းနဲ့ အိုင်ဒီပီအနေနဲ့အခက်ခဲမျိုးစုံနဲ့ ကြုံမြဲကြုံနေရ ဆဲဖြစ်တယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

အီတူးထ ဒုက္ခသည်စခန်းဟာ အစိုးရတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံးအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၂၀၀၆ ခုနှစ်ကစတင်တည်ရှိလာတာဖြစ်ပြီး လတ်တလောမှာတော့ လူပေါင်း ၂၉၀၉ ဦး ခိုလှုံနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013