DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ကို သောက်သုံးရေပေးဝေနေသည့် ဖူးကြီးရေကန်တွင် လူငယ် ၁ ဦး ရေနစ်သေဆုံး
DVB
·
May 24, 2017
ရန်ကုန်မြို့ကို သောက်သုံးရေပေးဝေနေသည့် ဖူးကြီးရေကန်တွင် လူငယ် ၁ ဦး ရေနစ်သေဆုံး
Donate to DVB

ရန်ကုန်မြို့တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အမှတ်(၈)ရပ်ကွက် မေတ္တာအေးကျေးရွာက ရန်ကုန်မြို့ကို သောက်သုံးရေပေးဝေနေတဲ့ ဖူးကြီးရေကန်မှာ ဒီနေ့ နေ့လယ် ၁ နာရီလောက်က ရေဆင်းကူးတဲ့ လူငယ်တဦး ရေနစ်သေဆုံးခဲ့တယ်လို့ ရာအိမ်မှူးဦးမျိုးနိုင်က ပြောပါတယ်။

ရေအတူသွားကူးသူ ကိုစိုးဝင်း “ဒီနေ့သူ့အိမ်ကအလှူပြီးလို့ ကျနော်တို့ ဒီမှာ ရေလာကူး ကြတာပါ။ ရေကူးရင်း ဘောလုံးကန်ကြတာ။ ဘောလုံးက အဝေးရောက်သွားလို့ သူက သွားကောက်တာပါ။ အဲဒီမှာ သူက လက်ပြပြီးခေါ်တယ်။ ကျနော်တို့က စနေတယ်ထင်တာ။ အရင်ကလည်း သူက စတတ်တယ်လေ။ နောက်သူမြုပ်သွားပြီး ၁၀ မိနစ်လောက်ကြာလို့ ပေါ်မလာတော့ ကျနော်တို့ စိတ်ပူပြီးသွားတော့ သူ့ကို မတွေ့ဘူး။ အဲဒါနဲ့ လိုက်ရှာတော့တွေ့တယ်။ ဒါပေမယ့် အသက်မရှိတော့ ဘူး။ ကျနော့်သူငယ်ချင်းအတွက် စိတ်မကောင်းပါဘူး” လို့ ရေအတူသွားကူးသူ ကိုစိုးဝင်း က ပြောပါတယ်။

ရာအိမ်မှူး ဦးမျိုးနိုင်က “ဖူးကြီးရေကန်ဟာ ရန်ကုန်မြို့တော်ကို သောက်သုံးရေပေးဝေနေတဲ့ သောက်ရေကန် ဖြစ်ပြီး ပြီးခဲ့သည့်လမှစပြီး တိုက်ကြီးချောင်းသာလို့ နာမည်ထွက်ရှိပြီး လာရောက် အပန်းဖြေ သူတွေ၊ ရေကူးသူတွေနဲ့ စည်ကားနေတယ်”လို့ ပြောပါတယ်။

သေဆုံးသူမှာ တာခွကျေးရွာအုပ်စု ဂုန်ညင်းတန်းကျေးရွာမှ သူရ(ခ)မဲလေး ဖြစ်ပြီး အလောင်းကို တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့စခန်းက လာရောက်သယ်ဆောင်သွားပါတယ်။

သတင်း - မေသွယ် Cj

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013