DVB Logo
Home
မြန်မာသတင်း
တည်ပင်ခံကျေးရွာ ဘုန်းကြီးကျောင်းအငြင်းပွားမှု မုံရွာမြို့တွင် ဆန္ဒပြ
DVB
·
May 24, 2017
တည်ပင်ခံကျေးရွာ ဘုန်းကြီးကျောင်းအငြင်းပွားမှု မုံရွာမြို့တွင် ဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် တည်ပင်ခံကျေးရွာ ဘုန်းကြီးကျောင်းကိစ္စ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဒေသခံကျေးရွာသူကျေးရွာသား ၅၀ ခန့်က တိုင်းဒေသကြီး အစိုးရရုံးစိုက်ရာ မုံရွာမြို့မှာ မေလ ၂၄ ရက် နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ တိုင်းဒေသကြီးအစိုးရုံးကိုမရောက်ခင် လမ်းတဝက်လောက်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားပြီး လူစုခွဲရာ ဆန္ဒပြသူဒေသခံတွေက အစိုးရအဖွဲ့တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံခွင့် တောင်းခဲ့ပါတယ်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်က ကြန့်ကြာနေတဲ့အတွက် အခုလို ဆန္ဒပြတာပါ။ ဥပဒေကြောင်းအရ အမှုနိုင်ထားတာ ကြာပြီ။ အခုထိ အကောင်အထည်ဖော် မပေးသေးဘူး”လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ တည်ပင်ခံကျေးရွာသား ဦးမြသန်းက ပြောပါတယ်။

ကျောင်းတိုက် အငြင်းပွားမှုနဲ့ပတ်သတ်ပြီး ဗဟိုသာသနာရေးဦးစီးဌာရဲ့ ဆုံးဖြတ်ချက်ကို အကောင်ထည်ဖော်ပေးဖို့နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်ထုတ်ပြန်ပေးဖို့ ဆန္ဒပြသူ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။

“ကျနော်တို့အနေနဲ့ ဗဟိုသာသနာရေး ဦးစီးဌာနဆုံးဖြတ်ချက်ကို အကောင်ထည်ဖော်ရာမှာ ရပ်ရွာအေးချမ်းသာရေးကို ရှေ့ရှုပြီး မှတ်ချက်ပြန်ပေးရပါတယ်။ အဲဒီမှတ်ချက်ကိုလည်း အုပ်ချုပ်ရေးပိုင်း အဆင့်ဆင့် တင်ပြရတာပါ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အဆင်ပြေအောင် ဆောင်ရွက်သွားမှာပါ” လို့ စစ်ကိုင်းတိုင်းသာသနာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။

အခုလို ဆန္ဒပြတဲ့နေရာကို မုံရွာ မြို့နယ်သံဃာ့နာယကအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ သာသနာရေးဦးစီးဌာမှ တာဝန်ရှိသူတွေက လာရောက်တွေ့ဆုံ ရှင်းလင်းခဲ့ကြပါတယ်။

အဆိုပါ ကျောင်းတိုက်အမှုကိစ္စနဲ့ ပတ်သတ်ပြီး ဦးသုဘောဂဘွဲ့တော်ရှိ ဆရာတော်ကို ဗဟို သာသနာရေးဦးစီးဌာနမှ ကျောင်းလွှဲအပ်ဖို့ ၁၃-၁၀-၂၀၁၄ ခုနှစ်က ဆုံးဖြတ်ခဲ့တယ်လို့သိရပြီး လက်ရှိမှာတော့ ကျေးရွာဘုန်းကြီးကျောင်းကို ဦးသြသဒဘွဲ့တော်ရှိ ဆရာတော် ကျောင်းထိုင်နေ တယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013