DVB Logo
Home
မြန်မာသတင်း
ရည်းစားနှင့် ချိန်းတွေ့စဉ် ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ လုယက်သူများကို ဖမ်းမိ
DVB
·
May 24, 2017
ရည်းစားနှင့် ချိန်းတွေ့စဉ် ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ လုယက်သူများကို ဖမ်းမိ
Donate to DVB

ရည်းစားနဲ့ ချိန်းတွေ့ချိန် ဆိုင်ကယ်နှင့် လက်ဝတ်လက်စားတွေ လုယက်သွားသူ ၄ ဦးကို ၄၈ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြင်းခြံနယ်မြေ ရဲစခန်းက ပြောပါတယ်။

မေလ ၂၀ ရက် ည ၇ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့  မြင်းခြံမြို့အမှတ် (၁၉) ရပ်ကွက် ယာဉ်စစ်ကွင်းအနောက်ဖတ် ကားလမ်းဘေးမှာ မောင်အောင်ဟိန်းသူ ၁၇ နှစ်နဲ့ ရည်းစားဖြစ်သူ မမိုးမမမိုး ၂၀ နှစ်တို့ ချိန်ဆိုစကားပြောနေစဉ် လူ ၁ ဦးက သံတုတ်နဲ့ ဝင်ရောက်ရိုက်နှက်ပြီး scoopyi မော်တော်ဆိုင်ကယ် ၁ စီး၊ ရွှေလက်စွပ် မောင်းကွင်း ၃ ကွင်း၊ oppo ဖုန်း ၁ လုံးနဲ့ mimax ဖုန်း ၁ လုံး  ကျပ် ၂၅၄၄၀၀၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လုယက်ယူဆောင်သွားခဲ့တာပါ။

မြင်းခြံနယ်မြေရဲစခန်းသို့ မေလ ၂၁ ရက်နေ့က လာရောက်အမှုဖွင့် တိုင်တန်းတဲ့အတွက် မြင်းခြံ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေဟာ ရဲစခန်းအပိုင်နယ်မြေအတွင်း စုံစမ်းစစ်ဆေးခဲ့ရာမှ အမှတ် တောင်သာမြို့မှာ နေထိုင်သူတွေဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ရဲရင့်အောင်၊ အောင်လင်း (ခ) ကျော်ထက်နိုင် (၂၄) နှစ်၊ ကျော်မင်းနိုင် (ခ) ကျော်ကြီး (၁၇) နှစ်နဲ့ မှုံကြီး (ခ) ဇာနည်ကျော် (ခ) လင်းလင်း (၁၉) နှစ်တို့ကို ဖမ်းဆီးရခဲ့မိပါတယ်။

မြင်းခြံ နယ်မြေရဲစခန်းမှ ဆိုင်ကယ်နှင့် ပစ္စည်းတွေ လုယူသွားတဲ့ တရားခံ ၄ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၉၄ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စခန်းမှူး ရဲအုပ်ကျော်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။

သတင်း-ရီရီထွန်း (မြင်းခြံ )၊ ဓာတ်ပုံ-မြင်းခြံနယ်မြေရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013