DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အလံနှင့်တံဆိပ်ကို ရခိုင်အမျိုးသားပါတီ ကန့်ကွက်
DVB
·
May 24, 2017
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အလံနှင့်တံဆိပ်ကို ရခိုင်အမျိုးသားပါတီ ကန့်ကွက်
Donate to DVB

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(အေအယ်လ်ဒီ)မှာ အသုံးပြုထားတဲ့ တံဆိပ်နဲ့ အလံဟာ ဆင်တူယိုးမှားမှုတွေ ဖြစ်တယ်ဆိုပြီး သုံးစွဲခွင့်မပြုဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရခိုင်အမျိုးသားပါတီ(အေအန်ပီ)က ကန့်ကွက်လွှာ တင်သွင်းထားတယ်လို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ရခိုင်အမျိုးသားပါတီမှာပါတဲ့ ဗျာလရုပ်ဟာ တံဆိပ်က အရောင်ရော ပုံသဏ္ဌာန်ရော၊ အနေအထားရော တူညီတဲ့အတွက ကျနော်တို့ ရခိုင်အမျိုးသားပါတီရဲ့ ရပ်တည်မှုအပေါ်မှာ ထိခိုက်လာနိုင်မယ်လို့ ကျနော်တို့ မြင်ပါတယ်။ အဲဒီပါတီနှစ်ခုမှာ ဗျာလရုပ်တွေ ဆင်တူနေမယ်ဆိုလို့ရှိရင် မဲဆန္ဒပေးကြတဲ့ ပြည်သူတွေက တူညီတဲ့တံဆိပ်ပေါ်မှာ ဘယ်လို ဝေခွဲပြီးတော့ တူညီမှုတွေ မသေချာမှုတွေ မကွဲမပြားဖြစ်ရင် ရခိုင်အမျိုးသားပါတီရဲ့ ရပ်တည်မှုနဲ့ ခိုင်မာမှုကို တိုက်ခိုက်လာနိုင်တယ်။ အဲဒါကြောင့် ဗဟိုအမှုဆောင်တွေရဲ့ ညွှန်ကြားချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီတံဆိပ်နဲ့ အလံကို သုံးစွဲခွင့်မပြုဖို့ ကန့်ကွက်လွှာ တင်သွင်းလိုက်ပါတယ်ခင်ဗျ။”

အခုလို ပုံစံဆင်တူယိုးမှားကို အလံနဲ့ တံဆိပ်ကို ကန့်ကွက်ကြောင့် ရခိုင်အမျိုးသားပါတီ (အေအန်ပီ)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေလ ၂၃ ရက်နေ့က တင်လိုက်တာလို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒါပေမယ့် ရခိုင်အမျိုးသားပါတီ(အေအန်ပီ)မှာ တံဆိပ်မှာပါတဲ့ ပုံစံအနေအထား ကွဲပြားအောင် သုံးထားတာဖြစ်ပြီး ကော်မရှင်နဲ့လည်း ကင်းကွာအောင် အများကြီး ကြိုးစားထား တယ်လို့ ရခိုင်ဒီမိုကရေးစီအဖွဲ့ချုပ်(အေအယ်လ်ဒီ) ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမျိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ကန့်ကွက်လိုက ၇ ရက်အတွင်း ကန့်ကွက်နိုင်ပါတယ်လို့ ကျနော်တို့ဘက်ကို ပြောထားပါတယ်။ ဒီရုပ်တုက ရခိုင် တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ရုပ်တုဖြစ်တယ်။ တဦး တယောက်ပိုင် ဆိုတာ လုပ်လို့မရဘူးလို့ မသင့်တော်ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဆင်တူယိုးမှားမှု မဖြစ်ရအောင်ဆိုပြီး ရခိုင်အမျိုးသားတွေသုံး ဗျာလလာဘ်ကောင်ကို သုံးထားခြင်း ဖြစ်ပါတယ်။ ဒီဟာမှာလည်း သူတို့တွေနဲ့ ကွဲပါတယ်။ ကွဲပြားအောင်လည်း သုံးထားပါတယ်။ ကော်မရှင်နဲ့ လွတ်ကင်းအောင် အများကြီး ကြိုးစားထားပါတယ်။”

ရခိုင်အမျိုးသားဒီမိုကရေးအဖွဲ့ချုပ်က ပြည်ထောင်စုကော်မရှင်ကို မေလ ၂၂ ရက်မှာ ပါတီ အမည်၊ အလံ၊ တံဆိပ်တို့ကို တင်သွင်းခဲ့တာဖြစ်ပြီး ကန့်ကွက်လိုပါက ၇ ရက်အတွင်း ခိုင်လုံတဲ့ အထောက်အထားနဲ့ ကန့်ကွက်နိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာကတဆင့် ကြေညာခဲ့ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအလ်ဒီ)နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) တို့ မကြာသေးခင်က ရခိုင်အမျိုးသားပါတီ (အေအန်ပီ)အဖြစ် ရခိုင်ပြည်သူတွေက တောင်းဆိုမှုအရ နှစ်ပါတီ ပေါင်းစည်းခဲ့ပါတယ်။

ဒါပေမယ့် ပါတီအကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာကြောင့် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) ပါတီဝင်အချို့ ထုတ်ပယ်ခံရတာကြောင့် ပါတီ ပြန်လည်မှတ်ပုံတင်ဖို့ ဆောင်ရွက်နေကြတာပါ။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013