DVB Logo
Home
မြန်မာသတင်း
အန်စီအေဟာ ပြည်ထောင်စု၏ထွက်ရပ်လမ်းဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော (ရုပ်သံ)
DVB
·
May 24, 2017
အန်စီအေဟာ ပြည်ထောင်စု၏ထွက်ရပ်လမ်းဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော (ရုပ်သံ)
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ပါ နိုင်ငံရေးလမ်းပြမြေပုံဟာ အခိုင်အမာ သဘောတူပြဋ္ဌာန်းထားပြီး တိကျစွာ လျှောက်လှမ်းရမယ့် ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်းဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီကနေ့ မေလ ၂၄ ရက် မနက်က နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ ပြောသွားတာပါ။

အန်စီအေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့ စာချုပ်မဟုတ်ကြောင်း ရှင်းလင်းစွာ ထပ်မံအသိပေးလိုတယ်လို့လည်း တပ်မတော်အကြီးအကဲက ပြောပါတယ်။

ဒါပေမယ့် ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေမှာ လက်နက်စွဲကိုင်ပြီး နိုင်ငံရေးအခွင့်အရေး တောင်းဆိုတာတွေကို ခွင့်မပြုတဲ့အတွက် အန်စီအေမှာပါရှိတဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့အညီ နိုင်ငံရေးဆွေးနွေးမှု ရလဒ်တွေကနေ တိုးတက်ဖြစ်ထွန်းလာတဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်အရ DDR, SSR လုပ်ငန်းတွေကိုတော့ ပြုလုပ်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ နိုင်ငံရေးလုပ်နေတဲ့ အဖွဲ့အစည်း မဟုတ်တဲ့အကြောင်း၊ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါတီတွေ ပြည်သူက ရွေးချယ်ပေးထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ လုပ်ဆောင်ကြရမှာဖြစ်တယ်၊ တပ်မတော်အနေနဲ့ကတော့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဘောင် ၃ ရပ် ချမှတ် ဆောင်ရွက်နေတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013