DVB Logo
Home
မြန်မာသတင်း
“ပြည်သူ့အကျိုးဆက်လက်ဆောင်ရွက်သွားမယ်" ဝန်ကြီးဟောင်း ဦးဆန်းဆင့် (ရုပ်သံ)
DVB
·
May 24, 2017
“ပြည်သူ့အကျိုးဆက်လက်ဆောင်ရွက်သွားမယ်" ဝန်ကြီးဟောင်း ဦးဆန်းဆင့် (ရုပ်သံ)
Donate to DVB

ပြည်သူ့အကျိုးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့  ဒီနေ့ တောင်ငူအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြောကြား လိုက်ပါတယ်။

“ကျနော် ဝမ်းတော့သာတာပေါ့ဗျာ။ အားလုံး ပြည့်ပြည့်စုံစုံ ဝမ်းမသာနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ထောင်ထဲမှာ ကျန်နေတဲ့သူတွေ၊ ကျန်တဲ့ အကျဉ်းသားတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော် သူတို့ကိုပါ လွတ်စေချင်ပါတယ်။ သူတို့ဟာ တချို့ဟာလည်း ဒီထဲမှာနေပြီး ပြစ်ဒဏ်နဲ့ ပြစ်မှု မမျှတတာတွေ၊ တချို့လည်းပဲ မတရားခံရတဲ့ဟာတွေ ဒီလိုတွေ ရှိနေသေးတဲ့အတွက်  ကျန်တဲ့အကျဉ်းသားတွေကိုပါ နိုင်ငံတော်အနေနဲ့ စဉ်းစားပေးစေချင်တယ်။ စဉ်းစားပြီးတော့ လွှတ်ပေးစေချင်တယ်။ အဲဒါဆိုရင် ကျနော် အပြည့်အဝ ဝမ်းသာပါပြီ။ အခုကတော့ ဒီထောင်ကဆိုရင် ကျနော်တယောက်တည်း ပါသေးတယ်လို့ ပြောတယ်။ ကျနော် တယောက်တည်းဆိုတော့ အပြည့်အဝ ဝမ်းမသာနိုင်သေးဘူး။ အပြည့်အဝ ဝမ်းသာချင်တဲ့ အတွက် ကျနော် ဆုတောင်းနေပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်က နဂိုကတည်းက ပြည်သူလူထုအတွက်၊ အခြေခံလူတန်းစားတွေအတွက်၊ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေအတွက် ကျနော် ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့အတွက် တပ်မတော်က အငြိမ်းစားယူပြီးကတည်းက သန္နိဋ္ဌာန်ချထားပြီးသားပါ။ ဒါကြောင့်မို့လို့ ကျနော် ပြည်သူ့အကျိုး အတွက်ကိုပဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ယခင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်း ဆင့်ကို  ၂၀၁၄ ဇွန် ၁၉ ရက်က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက   ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုတွေနဲ့  ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ပည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကြိုဆိုတဲ့အနေနဲ့  ဦးဆန်းဆင့် အပါအ၀င် အကျဉ်းသား ၂၅၉ ဦးကို  နိုင်ငံတော်သမ္မတက  ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးပြီး ဒီကနေ့မနက် အကျဉ်းထောင်အသီးသီးက ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013