DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်၍ မိသားစုလိုက် ဆန္ဒပြ
DVB
·
May 24, 2017
တိုက်ကြီးမြို့နယ်တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်၍ မိသားစုလိုက် ဆန္ဒပြ
Donate to DVB

ပိုင်ဆိုင်မှုအငြင်းပွားရာမှ တိုက်ကြီးမြို့နယ် တရားရုံးမှ အမှုကို အရှုံးပေးခဲ့ ရပြီး ခြံအတွင်းက အင်အားသုံးမောင်းထုတ်ခဲ့တာကို မကျေနပ်တဲ့အတွက် မနေ့က မိသားစုလိုက် ဆန္ဒပြခဲ့ကြပါ တယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက်၊ အေးသစ္စာကျေးရွာ၊ သစ်တော ပယ်ဖျက်မြေအတွင်း ပိုင်ဆိုင်မှုအငြင်းပွားရာမှ တိုက်ကြီးမြို့နယ် တရားရုံးမှ အမှုကို အရှုံးပေးခဲ့ ရပြီး ခြံအတွင်းက အင်အားသုံးမောင်းထုတ်ခဲ့တာကို မကျေနပ်တာကြောင့် မေ ၂၂ ရက်နေ့က မိသားစုဝင် ၆ ဦးနဲ့အတူ တိုက်ကြီးမြို့နယ်တရားရုံးကို မနက် ၁၀ နာရီ အချိန်ကစတင်ပြီး အထွေထွေမြို့နယ်အုပ်ချူပ်ရေးမှူးရုံးရှေ့က စတင်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

“ကျနော် ဆန္ဒထုတ်ဖော်တာကို ၁ လတိတိ လုပ်မှာ။ တရားရုံးရှေ့မှာ တဲထိုးနေပြမှာပါ။ ပြန်စရာအိမ်လည်း မရှိဘူးလေ။ သစ်တောပယ်မြေမှာ ဘယ်သူမှ ပိုင်ဆိုင်မှုမရှိတာကို တရားရုံးက အနိုင်ပေးပြီး ကျနော်တို့မိသားစုကို ဖယ်ခိုင်းပါတယ်။ အခု ကျနော်တို့ မိသားစု လမ်းဘေးမှာ နေရပါတယ်။ မိုးရွာတော့မယ်။ တခြားမှာနေရင် ထပ်ပြီး တရားစွဲခံရမယ်လေ။ အလုပ်မရှိတော့ မိသားစု စားသောက်ဖို့လည်း အဆင်မပြေပါဘူး။ ကလေးတွေလည်း ကျောင်းတက်ရတော့မယ်။ ခုချိန်ထိ မရေရာသေးပါဘူး”လို့ ကိုကျော်ဝင်းက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ‘မင်္ဂလာရပ်ကွက်၊ အေးသစ္စာကျေးရွာမှာ နေထိုင်သူ ဦးကျော်ဝင်း မိသားစု အိုးခြေမဲ့အိမ်ခြေမဲ့ တရားရုံး၏ ဆုံးဖြတ်ခြင်းအား မကျေနပ်၍ ဆန္ဒထုတ်ဖော်ခြင်း ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲပြီး “တိုက်ကြီးမြို့နယ် တရားရုံးရဲ့ လွဲမှားစွာ ဆုံးဖြတ်မှုကြောင့် ကျနော်တို့မိသားစု အခုလို အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဘဝပျက်ရတာ ကြည့်ကြပါခင်ဗျာ” လို့ ကြွေးကြော်သံနဲ့ ကြွေးကြော်ခဲ့ပါတယ်။

သစ်တောဦးစီးဌာနက ၂၀၁၄ ခုနှစ်မှာ သစ်တောမြေအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်သူတွေကို စစ်တမ်းကောက်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလက သစ်တောမြေကို ကျေးရွာမြေအဖြစ် ပယ်ဖျက်ပေးခဲ့ရာ အေးသစ္စာကျေးရွာအတွက် ရွာမြေ ၂၅ ဒသမ ၃၀ ဧက၊ လယ်မြေ ၁၄၃ ဧက အများပိုင် သာသနာမြေ ၆ ဧကကို ပယ်ဖျက်ပေးခဲ့ပေမယ့်လည်း ခုချိန်ထိ ကျေးရွာမြေ မရရှိသေးပါဘူး။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013