DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ထောင်ကျခဲ့သည့် ကြက်ဖကြီး အင်းစိန်ထောင်မှလွတ်မြောက်
DVB
·
May 24, 2017
နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ထောင်ကျခဲ့သည့် ကြက်ဖကြီး အင်းစိန်ထောင်မှလွတ်မြောက်
Donate to DVB

 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)နဲ့ အလံအက်ပုဒ်မ ၁၆ နဲ့ ထောင်ဒဏ် ၂ နှစ် ကျခဲ့တဲ့ ကိုလှဖုန်း ခေါ် ကြက်ဖကြီး ဒီနေ့ အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ ဒီကနေ့ ၂ ဦး လွှတ်ပေးခဲ့ပြီး လဝက ဥပဒေနဲ့ အရေးယူခံထားရတဲ့ တရုတ်နိုင်ငံသားတဦးနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တပ်မတော်ကို ဝေဖန်ရေးသားခဲ့လို့ ၆၆(ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) နဲ့ အလံအက်ပုဒ်မ ၁၆ တို့နဲ့ ထောင်ဒဏ် ၂ နှစ် ကျခဲ့ရတဲ့ ကိုလှဖုန်း ခေါ် ကြက်ဖကြီး လွတ်မြောက်လာခဲ့တာပါ။

ကိုလှဘုန်း (ခ) ကြက်ဖကြီးကတော့ မတရားစွပ်စွဲထောင်ချခံခဲ့ရတဲ့ ပုဒ်မဖြစ်တဲ့အတွက် ပုဒ်မ ၆၆(ဃ) လုံးဝ ဖျက်သိမ်းရေးလှုပ်ရှားမှုများ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျနော့်ကို ဖမ်းဆီးခဲ့တဲ့ ပုဒ်မ ၆၆(ဃ)ကို မပြင်ဆင်စေချင်ဘူး။ လုံးဝ ဖျက်သိမ်းစေချင်တယ်” လို့ ကိုလှဖုန်းက ပြောပါတယ်။

သူ့အနေနဲ့ ကျခံခဲ့ရတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ကြက်ဖကြီး အကောင့်ပိုင်ရှင် လုံးဝ မဟုတ်ကြောင်း၊ စွပ်စွဲခံရတာသာဖြစ်ကြောင်းနဲ့ သူ မဟုတ်ကြောင်း သက်သေပြသွားဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ကိုလှဖုန်းရဲ့ဇနီးဖြစ်သူ မဆွေဆွေလွင်ကတော့ သူတို့အနေနဲ့ နိုင်ငံရေးသမား မဟုတ်သလို နိုင်ငံရေးမိသားစု အသိုင်းအဝိုင်းက မဟုတ်လို့ ရိုးရှင်းတဲ့ဘဝနဲ့ပဲ နေထိုင်သွားမှာဖြစ်ပြီး ဖြစ်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး ဘယ်သူ့ကိုမှ အပြစ်တင်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ကိုလှဖုန်းဟာ ၂၀၁၆ ဖေဖော်ဝါရီ ၁၀ ရက်နေ့က တပ်မတော် အပါအဝင် တပ်မတော် ခေါင်းဆောင်ပိုင်းတွေရဲ့ ဓာတ်ပုံတွေကို ကွန်ပျူတာ ပြုလုပ်ချက်တွေနဲ့ ပြင်ဆင်ပြီး လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့တယ်လို့ သံသယရှိတာကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ၂ မှု နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) ၁ မှု၊ အလံအက်ပုဒ်မ ၁၆(၁) မှု စုစုပေါင်း ၄ မှုနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။ လွတ်မြောက်လာချိန်မှာ ထောင်ဒဏ် ၁၅ လခန့် နေခဲ့ရပြီး ဖြစ်ပါတယ်။

၂၁ ရာစုပင်လုံကို ကြိုဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းဦးစီးဌာနက တနိုင်ငံလုံးရှိတဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၂၅၉ ဦးကို ဒီကနေ့ မေလ ၂၄ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဖြစ်ပါတယ်။

လွတ်မြောက်လာတဲ့အထဲမှာ နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦးတို့ ပါဝင်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013