DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများအပါအ၀င် အကျဉ်းသား ၂၅၉ ဦးလွှတ်ပေး
DVB
·
May 24, 2017
နိုင်ငံရေးအကျဉ်းသားများအပါအ၀င် အကျဉ်းသား ၂၅၉ ဦးလွှတ်ပေး
Donate to DVB

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကြိုဆိုတဲ့ အနေနဲ့ နိုင်ငံခြားသား ၇၀ ကျော် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် အကျဉ်းသား ၂၅၉ ဦးကို  နိုင်ငံတော်သမ္မတက  ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။

နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်ပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော် အကျိုးအတွက် အများပြည်သူနဲ့အတူ တာဝန်ထမ်းဆောင်နိုင်စေရေးအတွက်လည်းကောင်း လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း နိုင်ငံသား အကျဉ်းသား ၁၈၆ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တာလို့  မေ ၂၃ ရက် သမ္မတရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ  အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံခြားသား ၇၃ ဦးကိုလည်း နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သမ္မတရုံးက သီးခြားထုတ်ပြန်ကြေညာထားပါတယ်။

ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ၊ လယ်သမား၊ အလုပ်သမားနဲ့ ကျောင်းသားတွေပါဝင်ပြီး  သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်လည်း ပါဝင်တယ်လို့ သတင်းတွေထွက်နေပါတယ်။

မန္တလေး အိုးဘိုထောင်ကနေ ပြန်လွတ်လာမယ့်သူတွေထဲ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၁ဦး၊ တောင်သူ ၇ ဦးနဲ့ နိုင်ငံခြားသား ၃ ဦးပါဝင်တယ်လို့ ဒီဗွီဘီက ရရှိထားတဲ့ ကနဦးစာရင်း အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013