DVB Logo
Home
မြန်မာသတင်း
တန်းတူဆွေးနွေးဆုံးဖြတ်ခွင့်မရှိသဖြင့် ၂၁ ရာစုပင်လုံ မတက်ဟု ယူအန်အက်ဖ်စီ ရှင်းလင်း (ရုပ်သံ)
DVB
·
May 24, 2017
တန်းတူဆွေးနွေးဆုံးဖြတ်ခွင့်မရှိသဖြင့် ၂၁ ရာစုပင်လုံ မတက်ဟု ယူအန်အက်ဖ်စီ ရှင်းလင်း (ရုပ်သံ)
Donate to DVB



တန်းတူရည်တူ ဆွေးနွေးဆုံးဖြတ်ခွင့် မရှိတဲ့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို တက်ရောက်တော့မှာ မဟုတ်ဘူးလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ရှင်းလင်းပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့ညက ကျင်းပပြီးစီးသွားတဲ့ အစည်းအဝေးအပြီး ၂၁ ရာစု ပင်လုံညီလာခံ မတက်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး မီဒီယာတွေကို ပြောကြားလိုက်တာပါ။

တန်းတူရည်တူ ပါဝင်ဆွေးနွေးခွင့်မရှိတဲ့ အထူးဖိတ်ကြားသူများအဆင့် အနေအထားနဲ့သာ  ဖိတ်ကြားလာလို့ ပါဝင်တက်ရောက်နိုင်တော့မှာ မဟုတ်တဲ့အကြောင်း ယူအန်အက်ဖ်စီ ဒု-ဥက္ကဋ္ဌ နိုင်ငံဟာက ပြောပါတယ်။

“ကျနော်တို့ကို အထူးဧည့်သည်အနေနဲ့  ဖိတ်ကြားတယ်။ အထူးဖိတ်ကြားသူအဆင့်ပေါ့၊ ဒါကတော့ စကားလုံးလှအောင်ပေါ့၊ အထူးဖိတ်ကြားသူပေါ့။ အမှန်ကတော့ လေ့လာသူအဆင့်ပေါ့။ ကျနော်တို့  တခြားကိုယ်စားလှယ်တွေနဲ့တန်းတူ ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့်တွေ မရှိတဲ့ အနေအထားပေါ်မှာ ကျနော်တို့ မတက်သင့်ဘူးလို့မြင်တယ်။ အရင်ကလည်း ဒီလိုပဲဆုံးဖြတ်ခဲ့တယ်။”

၂၁ ရာစု ပင်လုံညီလာခံကျင်းပချိန်ဟာ ယူအန်အက်ဖ်စီ အစည်းအဝေး ကျင်းပချိန်နဲ့လည်း ကပ်နေလို့ နည်းနည်းအခက်အခဲရှိသလို ဖိတ်စာကလည်း နောက်ကျပြီးမှ ရောက်လာတယ်လို့ နိုင်ဟံသာက ပြောပါတယ်။

ညီလာခံမတက်ရောက်နိုင်တော့ပေမယ့် ပင်လုံမူ၊ ပင်စိတ်ဓာတ်၊ ပင်လုံကတိကဝတ်တွေနဲ့ အညီ အမျိုးသားရေးတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားပြည်နယ်များကို အခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ယူအန်အက်ဖ်စီအနေနဲ့ ကြိုဆိုထောက်ခံ ဝန်းရံပံ့ပိုးသွားမယ်လို့  ထုတ်ပြန်ကြေညာထားပါတယ်။

၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို ဒီကနေ့မနက် နေပြည်တော်မှာ စတင်ကျင်းပဖို့ရှိနေပြီး အပစ်ရပ်တိုင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့  အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ တက်ရောက်ဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013