DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သားအဖ ၂ ဦးသေဆုံး၊ ၁ ဦးမှာ ဒဏ်ရာရရှိ
DVB
·
May 23, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဘားအံ သထုံကားလမ်းပေါ်မှာ မေ ၂၂ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားကာ သားအဖ ၂ ဦး သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ဒဏ်ရာများရရှိခဲ့တယ်လို့ သုဓမ္မဝတီနယ်မြေရဲစခန်းက ပြောပါတယ်။

သုဓမ္မဝတီနယ်မြေရဲစခန်းမှ တာဝန်ရှိသူတဦးက “ဖအေဖြစ်တဲ့သူက ဆိုင်ကယ်မောင်းလာတာ။ အလယ်မှာ သူ့သားဖြစ်သူနဲ့ နောက်ကောင်လေးတယောက် စုစုပေါင်း ၃ ယောက် စီးလာတာ။ ဖြစ်တဲ့နေရာက ကွေ့ဖြစ်နေတော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထိုးကျ မှောက်သွားတာ။ ဖအေဖြစ်သူကတော့ ဆေးရုံပို့ပြီး မကြာဘူး၊ ဆုံးသွားတယ်။ သူ့သားကတော့ ဒဏ်ရာပြင်းလို့ ရန်ကုန်ဆေးရုံပို့တာ၊ ထပ်ပြီးဆုံးသွားတယ်''လို့ ပြောပါတယ်။

ဖြစ်စဉ်တွင် ဆိုင်ကယ်မောင်း အောင်ထိုက် (၃၅-နှစ်) ဒူးရင်းဆိပ်ကျေးရွာနေသူ မောင်းနှင်ပြီး အလယ်မှ သားဖြစ်သူ ကောင်းကင်ထက် (၁၄-နှစ်)နဲ့ အနောက်မှ ခန့်လင်း (၁၇-နှစ်) တို့ လိုက်ပါလာတဲ့ ဆိုင်ကယ်ဟာ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိတံတားအနီး၊ သထုံ-ဘားအံ ကားလမ်း၊ မိုင်တိုင်အမှတ်(၈/၃) နှင့်(၈/၄)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း ယာဘက်ဘေးကို ထိုးကျတိမ်းမှောက်သွားခဲ့တာလို့ ရဲမှတ်တမ်းများအရ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် အောင်ထိုက်မှာ ယာဘက်နား သွေးထွက်၊ နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ၊ ကောင်းကင်ထက်ရဲ့ ယာနားထင် ပွန်းပဲ့ဒဏ်ရာ၊ ခန့်လင်းရဲ့ ယာဘက်ရင်အုံနာကျင်၊ ယာပခုံးဒဏ်ရာတွေ ရရှိခဲ့ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံကို တင်ပို့ကုခဲ့ပါတယ်။ အောင်ထိုက်ဟာ ဆေးရုံအရောက်မှာ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး သားဖြစ်သူ ကောင်းကင်ထက်မှာ အခြေအနေ စိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကို တင်ပို့ကုသချိန်မှာ သေဆုံးသွားတာပါ။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သုဓမ္မဝတီနယ်မြေရဲစခန်းမှ ဆိုင်ကယ်မောင်းသူ အောင်ထိုက်ကို ယာဉ်(ပ) ၁၂/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/၃၃၈ အရ အမှုဖွင့်ထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013