DVB Logo
Home
မြန်မာသတင်း
တီအန်အယ်အေအဖွဲ့ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတက်မည်
DVB
·
May 23, 2017
တီအန်အယ်အေအဖွဲ့  ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတက်မည်
Donate to DVB

နေပြည်တော်မှာ  မေလ ၂၄ရက် စတင် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ  ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို  တက်ရောက်မယ်လို့  တီအန်အယ်လ်အေ တအာင်း တပ်ဖွဲ့က ကြေညာပါတယ်။

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံကို "အထူးဖိတ်ကြားသူ” အနေနဲ့ တက်ရောက်ဖို့ UPDJC က ပေးပို့လာတဲ့  ဖိတ်စာကို မေလ ၂၂ ရက် တရုတ်စံတော်ချိန် ည ၂၁ နာရီ ၃၀ နာရီခွဲလောက်မှာ လက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။

PSLF/TNLA ကိုယ်စားလှယ်အဖြစ်  ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဒုဥက္ကဋ္ဌ -၁ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားနဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူး တားပန်လတို့တက်ရောက်မယ်လို့ တီအန်အယ်လ်အေ သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ရပ်တန့်ပိတ်ဆို့နေတဲ့ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လမ်းစပွင့်ရန်နဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကို အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တို့အတွက် ညီလာခံအစည်းအဝေးသို့ FPNCC ကော်မတီနဲ့ အတူ မိမိတို့ တက်ရောက်မယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013