DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင်​ ​လေပြင်းတိုက်​ခတ်​၊ နေအိမ်​ ၃ လုံးပြိုကျ နေအိမ်​ ၂၂ လုံး အမိုးလန်​ပျက်​စီး
DVB
·
May 23, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ မေ ၂၁ ရက်နေ့ညနေ ၃ နာရီလောက်က လေပြင်းတိုက်ခတ်ခဲ့ပြီး နေအိမ်အချို့ ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။

လေပြင်းတိုက်ခတ်ခဲ့လို့ ကညင်ငူအုပ်စု လဟာပ အုပ်စု ဇရပ်ကွင်းအုပ်စုများမှ နေအိမ် ၃ လုံးပြိုကျကာ အိမ် ၂၂ လုံးအမိုးလန် ဆေးပေးခန်း အိမ်သာတလုံး ပြိုလဲပျက်စီးပြီး အချိန်ငါးဆယ်ခန့်ရှိ ဝက် ၁ ကောင် သေဆုံးခဲ့ပါတယ်။

ကညင်ငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးက "မနေ့ကညနေ ၃ နာရီလောက်က လေတိုက်တယ်။ အိမ်ခြေ ၁၇ လုံး လယ်ဦးစုဆေးပေးခန်းက အိမ်သာလဲသွားတယ်။ အိမ်တလုံးက ပြိုကျတယ်။ ကျန် ၁၆ လုံးက အမိုးလန်ပျက်စီးသွားတယ်။ အချိန် ၅၀ လောက်ရှိတဲ့ ဝက်တစ်ကောင် သစ်ကိုင်းပိပြီး သေသွားတယ်" လို့ ပြောပါတယ်။

လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့လို့ တန်ဖိုးငွေ ၂၅ သိန်းလောက် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ တလုတ္ထော်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလိုလေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့လို့ ပျက်စီးသွားခဲ့တဲ့ နေအိမ်တွေနဲ့သစ်ပင်တွေကို မေလ ၂၂ ရက်နေ့အထိ ဒေသတွင်းအဖွဲ့စည်းတွေက လာရောက်ရှင်းလင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

နေပျက်စီးခဲ့တဲ့ လဟာပအုပ်စု လဟာပကျေးရွာတွင်နေထိုင်သူ ကိုခင်မောင်နိုင်က "သွပ်တွေကွာပြီး တခြားလယ်ကွက်တွေထဲမှာ လိုက်ကောက်ရတယ်။ အုပ်ချုပ်ရေးမှူးကတော့ ဒီသဘာဝဘေးကြောင့် ပျက်စီးတာတွေကို တင်ပြရမယ်ပြောတယ်။ ရွာထဲက အိမ် လေး ငါး လုံးလည်း သွပ်တွေကွာပြီးလွင့်ကုန်တယ်"လို့ ပြောပါတယ်။

ဟင်္သာတမြို့ ကညင်ငူအုပ်စုမှာ ပြီးခဲ့တဲ့ ဧပြီလကလည်း လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

သတင်း - အောင်မျိုးသန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013